Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bernie Rachelle
7.4
Blow Out (1981)
Blow Out (1981)~ IMDb - 7.4/10, Rotten Tomatoes - 87% ~၁၉၈၁ ခုနှစ်တုန်းကထွက်ခဲ့ပြီး ဆန်ခါတင်ဆုနှစ်ခု၀င်ထားတဲ့ Mystery, Thriller ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာက Thriller Crime genres တွေနဲ့ ပရိသတ်အတွက် မစိမ်းလောက်တဲ့ Brian De Palma ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း အဓိကမင်းသားက ၁၉၇၀ခုနှစ်၀န်းကျင် ဟောလိဝုဒ်ရဲ့ Icon တစ်ယောက်ဖြစ်တဲ့ John Travolta မလို့ အရွေးချယ်မမှားမယ့်ကားကောင်းလေးပါပဲ။ဂျက်ဆိုတဲ့သူက ရုပ်ရှင်တွေအတွက် အသံပိုင်းဆိုင်ရာ နည်းပညာရှင်ပါ။ တစ်ရက်တော့ ဇာတ်ကားတစ်ကားအတွက် တံတားပေါ်မှာ လေတိုးသံအသံသွင်းနေတုန်း ကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကြုံခဲ့ရပြီး အသံသွင်းမိခဲ့ပါတယ်။ ကားပေါ်က ကောင်မလေးတစ်ယောက်ကိုလည်း ကယ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ကားမတော်ဆမှုမှာ အသက်ဆုံးသွားတဲ့သူက ရွေးကောက်ခံကိုယ်စားလှယ်မြို့တော်၀န်တစ်ယောက်ဖြစ်နေပါတယ်။ အိမ်ပြန်တော့ အသံပြန်စစ်ရာမှ ကားမှောက်မှုက မတော်တဆမှုသက်သက်မဟုတ်မှန်း ...
movie
Blow Out (1981)
1981
The Yards (2000)
Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie
The Yards (2000)
7.6
Inside Man(2006)
Inside Man(2006) IMDb.....7.6,,,,,,,Rotten....86 ခရစ်စမတ်ကာလမှာ လူ ၄ယောက်ဟာ နယူးယောက်မြို့လယ်ကောင်ရဲ့ဘဏ်တစ်ခု ကိုဓားပြဝင်တိုက်တယ် ...ဒါကြောင့် ရဲတွေလည်း ဘေးပတ်လည်မှာ ဝိုင်းထားတယ်.... တီဗွီသတင်းတွေ သတင်းစာတွေအတွက်ဏ်ဓားပြမှုအကြောင်းဟာ ခေါင်းစဉ်ကြီးဖြစ်သွားတယ် ...ဓားပြ ၄ယောက်ဟာ ဘဏ်အတွင်းမှာရှိတဲ့ ဝန်ထမ်းနဲ့ ငွေကိစ္စဖြင့်လာရောက်သူတိုင်းရဲ့ဖုန်းတွေကို ပိတ်တယ်.... ကားသော့တွေသိမ်းတယ်... ပြီးတော့ သူတို့အားလုံးရဲ့အဝတ်တွေလဲခိုင်းတယ်..ဘဏ်ဓားပြတွေဟာ အသင့်ချုပ်ထားတဲ့ ဝတ်စုံကို ဓားစာခံတွေကို ပေးဝတ်လိုက်တယ်...ဒီတော့ ဓားပြတိုက်သူနဲ့ ဓားစာခံက သေနတ်ကိုင်ထားတာနဲ့မကိုင်တာပဲကွာတော့တယ်.... ရဲတွေက cctv ကနေစလိုက်တယ် ...ဒါပေမဲ့ ဓားပြ မတိုက်ခင်၂မိနစ်လောက်အလိုထိပဲ ကြည့်လို့ရတယ် infard bulbက စီစီတီဗွီကင်မရာကို ပိတ်လိုက်နိုင်တယ်...ဓားစာခံတွေကို အခန်းထဲထည့်အလုံပိတ်ထားတယ် သူတို့ကအပြင်မှာနေတယ် ဓားပြတွေဟာ စကားဝှက်အနေနဲ့ Steve Q လို့သုံးတာရှိသလို Steve 0လို့လည်းသုံးတယ် ....ဒီဓားပြမှုကို ကိုင်တွယ်တဲ့ စုံထောက်ရဲ့ လုပ်ကွက်တွေကလည်း ပညာရှင်ဆန်တယ်....သို့ပေမယ့်လည်........ဒီကားက အဓိကမင်းသားကြီး (၂)လက်ဖြစ်တဲ့ Denzel Washingtonနဲ့ Clive Owen ကိုတော့ တော်တော်များများသိကြမယ်ထင်တယ်....၂၀၀၆ ခုနှစ်ကား ဆိုပေမယ့် ...
movie
Inside Man(2006)
2006