Channel Myanmar

Bette Davis

The Watcher in the Woods (1980)
The Watcher in the Woods (1980)  ဒစ္စနေးကနေ ထုတ်ပေမဲ့ အရမ်းကြောက်ဖို့ကောင်းတဲ့ ဟော်ရာကားအမေရိကန်မိသားစုဖြစ်တဲ့ ပေါလ်နဲ့ဟယ်လင်တို့ဟာ သမီးနှစ်ဦးနဲ့အတူ အင်္ဂလန်ကျေးလက်ပိုင်းက စံအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။ရောက်ရောက်ချင်းနေ့မှာပဲ သမီးနှစ်ယောက်ဟာ ပတ်လည်ဝိုင်းနေတဲ့ တောအုပ်ထဲမှာသွားကစားကြရင်းထူးခြားတဲ့ အမျိုးအမည်မသိတဲ့ခံစားချက်ကိုရရှိခဲ့သလို သမီးကြီးဖြစ်တဲ့ ဂျန်က အိမ်ကြီးပေါ်ကိုရောက်တော့လည်း မှန်ထဲမှာ သူ့အရိပ်ပေါ်မလာဘဲ မျက်လုံးစည်းခံထားရတဲ့ မိန်းကလေးတစ်ယောက်အရိပ်ပေါ်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။တဖြည်းဖြည်းပတ်ဝန်းကျင်နဲ့ရင်းနှီးလာရင်း သိခဲ့ရတာက သူတို့ခြံဝင်းကြီးထဲက ဧည့်သည်ဆောင်မှာနေထိုင်တဲ့ သူတို့ရဲ့အိမ်ရှင် အယ်လ်၀ုဒ်ဆိုတဲ့အမျိုးသမီးကြီးမှာ တစ်ချိန်က ဂျန်နဲ့ရွယ်တူဆယ်ကျော်သက်သမီးလေးရှိခဲ့ပြီး ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်ဆိုတာကိုပါပဲ။ဒီလိုနဲ့ ဂျန်ရော သမီးငယ် အယ်လီပါ ထူးခြားတဲ့ အရိပ်အယောင်တွေအသံတွေရဲ့ခြောက်လှန့်မှုကိုဆက်တိုက် တွေ့ကြုံခံစားလာရပြီး မမြင်နိုင်တဲ့တစုံတရာဟာ သူတို့ကိုဆက်သွယ် အကူအညီတောင်းနေတယ်ဆိုတာကိုသိလာရပါတော့တယ်။ သူတို့ကိုခြောက်လှန့်နေတဲ့အရာဟာ ပျောက်ဆုံးနေတဲ့မိန်းကလေးရဲ့တစ္ဆေဖြစ်မလား? အဲ့ဒီခြောက်လှန့်မှုတွေဟာ သူတို့ညီအစ်မနဲ့ဘယ်လိုပတ်သက်နေမလဲ? သူတို့ကိုဆက်သွယ်တောင်းခံလာတဲ့ အကူအညီကိုရောပေးအပ်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Fantasy, Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias 
movie

The Watcher in the Woods (1980)

Death on the Nile (1978) 7.3
Death on the Nile (1978) Death On The Nile (1978) ~ IMDB - 7.3/10, RT - 78%, Meta - 59% ~(ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းက‌တော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ)Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တု‌တွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ...
movie

Death on the Nile (1978)

1978