Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bettina Kenney
5.0
Joe Dirt 2: Beautiful Loser (2015)
ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Joe Dirt 2: Beautiful Loser (2015)
5.8
Mia and Me : The Hero of Centopia (2022)
Mia and Me - TheHero of Centopia(2022)IMDb - 6.2/10Mia and Me ဆိုတဲ့ ကာတွန်းစီးရီးကို Movie အနေနဲ့ ပြန်လည် အသက်သွင်းထာားတဲ့ 2022 ခုနှစ်ထွက် Animation ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မီယာဆိုတာ အဖေရော အမေရော မရှိတော့တဲ့ ၁၂ နှစ်အရွယ် လူသားကောင်မလေး ဖြစ်ပြီး သူ့အဖေ ထားခဲ့တဲ့ မှော်ကာတွန်းစာအုပ်လေးကနေတစ်ဆင့် Unicorn နဲ့ Elf တို့ရဲ့ ကမ္ဘာ Centopia ဆီ အသွားအပြန်လုပ်နေတဲ့ သူပါဒီကားမှာတော့ Centopia ကို မကောင်းဆိုးဝါး ဖားပြုတ်ကြီး လက်ထဲကနေ မီယာနဲ့ Centopia က သူ့သူငယ်ချင်းတွေပူးပေါင်းပြီး ကယ်တင်ကြပုံကို ကြည့်ရှုကြရမှာပါAnimation ကားတွေရဲ့ ထုံးစံအတိုင်း အရောင်အသွေးစုံစုံလင်လင်နဲ့ မျက်စိပသာဒဖြစ်အောင် တင်ဆက်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အနားယူရင်း ရှုစားလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie
Mia and Me : The Hero of Centopia (2022)
2022