Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bev Killick
6.8
Shayda (2023)
လတ်တလော ဆိုရှယ်မီဒီယာမှာ ခပ်စိတ်စိတ် မြင်ရတွေ့နေရသလိုမျိုး Domestic violence အကြောင်း ရိုက်ကူးထားတဲ့ Shaydaဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအနေအထားကိုပြောရရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ မှန်းရလွယ်တဲ့ ပလော့တွစ်တွေဘာတွေမပါတဲ့ ဒရာမာတစ်ပုဒ်ပေမဲ့ domestic violence ဆိုတာဘာလဲ။ ကိုယ်သာဒီလိုအဖြစ်နဲ့ကြုံလာခဲ့ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ၆ နှစ်အရွယ်သမီးလေးရဲ့မိခင် ရှေဒါဆိုတဲ့ဇာတ်ကောင်ရဲ့ POVနဲ့ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။အီရန်နိုင်ငံသူ ရှေဒါတစ်ယောက် ခင်ပွန်းဖြစ်သူဟိုစိန်ရဲ့ အကြမ်းဖက်ရိုက်နှက် အလိုမတူမုဒိမ်းကျင့်မှုတွေ ခဏခဏခံရပြီးတဲ့နောက်မှာတော့ သတ္တိမွေးပြီး အီရန်ကနေ ဆွေမရှိမျိုးမရှိ ဩစတေးလျကို ထွက်ပြေးပြီး အမျိုးသမီးဂေဟာတစ်ခုမှာ သွားနေပါတယ်။ အရင်ကလည်း ကွာရှင်းခွင့်တောင်းဖို့ ကြိုးစားဖူးပေမဲ့ သမီးလေးမိုနာကို အတင်းခေါ်သွားပြီး အကြပ်ကိုင်တဲ့အတွက် ဒီတစ်ခါတော့ သမီးနဲ့အဝေးကိုထွက်ပြေးပြီးမှ ကွာရှင်းဖို့ တရားစွဲတာပါ။အီရန်ဆိုတာက အမျိုးသားတွေကို အခွင့်ထူးပေးတဲ့နိုင်ငံဖြစ်နေတာကြောင့် ရှေဒါဘက်က သက်သေနဲ့တင်ပြနေတာတောင်မှ တရားရင်ဆိုင်နေစဉ်ကာလအတွင်းမှာ မိုနာလေးကို ဟိုစိန်နဲ့တွေ့ခွင့်ပေးရဖို့ ဖြစ်လာပါတော့တယ်။မိန်းမဆိုတာ ယောက်ျားကိုခစားရမှာပဲ ပြုစုပေးရမှာပဲဆိုတဲ့ အတ္တသမားခင်ပွန်းသည်ဟိုစိန်၊ သမီးလေးကိုသနားရင် ...
movie
Shayda (2023)