Channel Myanmar

Bhupesh Singh

Ek Tha Tiger (2012) 5.6
Ek Tha Tiger (2012) Ek Tha Tiger (2012) (သို့) တစ်ချိန်က တိုက်ဂါးမင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ရဲ့ ၂၀၁၂ခုနစ်ထွက် အက်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မကြာသေးခင်ကထွက်ရှိထားတဲ့ မင်းသားကြီးရှာရွတ်ခန်းရဲ့ ပထန်ထဲမှာလည်း ပါဝင်ခဲ့တဲ့ဇာတ်ကောင် လျှို့ဝှက်အေးဂျင့် တိုက်ဂါးရဲ့ဇာတ်လမ်း။သုံးကားမြောက်လည်း ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြန်နွှေးကြတာပေါ့။အိန္ဒိယရဲ့ RAWပါလာပြီဆိုလျှင်ဖြင့် ပါကစ္စတန်လည်းပါရသည်မှာ ဓမ္မတာပါပဲ။ ဒီထဲမှာတော့ အိန္ဒိယရဲ့ RAWနဲ့ ပါကစ္စတန်ရဲ့ ISIတို့ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီနှစ်ခုကြားကတိုက်ပွဲ။ မင်းသားကြီးဆယ်လ်မန်ခန်းကတော့ RAWအေးဂျင့်တစ်ယောက်ပေါ့။နိုင်ငံကို သစ္စာဖောက်တဲ့အေးဂျင့်တွေ ရန်သူစပိုင်တွေကိုအမြစ်ဖြတ်သုတ်သင်တတ်တဲ့ အထူးစပိုင်တစ်ယောက်။တစ်နေ့သူ့အထက်အရာရှိရဲ့ စေလွှတ်မှုနဲ့အတူ နိုင်ငံတစ်ခုမှာ စာသင်ကြားနေတဲ့ အိန္ဒိယအစိုးရဝန်ထမ်းဟောင်း ပရော်ဖက်ဆာတစ်ယောက်ကို စောင့်ကြည့်ဖို့တာဝန်ပေးအပ်ခံရပါတယ်။ ပရော်ဖက်ဆာထံ ချဉ်းကပ်ဖို့ကြိုးစားရင်း ပရော်ဖက်ဆာရဲ့အိမ်မှာ အချိန်ပိုင်းစောင့်ရှောက်ပေးနေတဲ့ မင်းသမီးကတ်ထရီနာကေ့ဖ်နဲ့ တွေ့ဆုံပါတော့တယ်။အထူးအေးဂျင့်တစ်ယောက်က စာသင်ကြားနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ကို ဘာလို့စောင့်ကြည့်နေရတာလဲ။ ပရော်ဖက်ဆာအိမ်မှာ အချိန်ပိုင်းစောင့်ရှောက်နေတဲ့ မင်းသမီးနဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိလာမှာလဲဆိုတာ ကြည့်ရမယ့် ကားဟောင်းထဲက အက်ရှင်ကားကောင်းလေးကို ပြန်လည်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Dee~Yunni~Zweတို့ပဲဖြစ်ပါတယ်) File size…(5.9 GB)/(1.7 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….02:13:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ...
movie

Ek Tha Tiger (2012)

2012
1080p Untouched
Mariam (2022)
Mariam (2022) Mariam 2022 ( ငွေ )ငွေသာလျှင်ဘုရားတစ်ဆူလိုဖြစ်နေတဲ့ခေတ် မျက်နှာကြီးရာဟင်းဖတ်ပါဆိုသလို ငွေမရှိရင်စာမေးပွဲတောင်ဖြေလို့မရတော့တဲ့ ကိုဗစ်ကာလကြီးတစ်ခုမှာပေါ့ အိမ်ငှားခကို၄လစာအကြွေးတင်နေပြီးတော့ဖုန်းရှိမှကလေးတွေက အွန်လိုင်းစာမေးပွဲဖြေလို့ရမယ်ဆိုလို့ အိမ်ငှားခကအရေးကြီးလား ဖုန်းကအရေးကြီးလားဆိုတာခေါင်းချင်းဆိုင်ဆွေးနွေးရတဲ့မိဘ၂ပါး အဆင်မပြေလွန်းလို့ အငှားကိုယ်ဝန်ဆောင်အလုပ်ပါလုပ်ခဲ့ရပြီး ဗိုက်တစ်လုံးနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်းသန့်ရှင်းရေးလုပ်ရတဲ့မာရီရမ့်ဘဝကပျော်စရာတော့မကောင်းခဲ့ဒီကြားထဲကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ မွေးခါနီးနောက်ဆုံးအပတ်မှာမှ အငှားကိုယ်ဝန်ဆောင်ခိုင်းတဲ့လူက အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားလေတော့ ..လောကဓံတရားရဲ့ ရက်စက်လွန်းလှတဲ့ရိုက်ချက်တွေကြား သူတို့ဘယ်လိုတွေရုန်းကန်ကြမလဲ သားသမီးအတွက်ဆိုအရာရာဖြည့်ဆည်းပေးချင်တဲ့မိဘတွေရဲ့စိတ်ဆန္ဒတွေကို ရှုစားလိုက်ကြပါဦး( အညွှန်းကိုတော့ Yunni မှ ရေးသားပေးထားပြီးတော့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.4GB / 623MB Quality…1080p WEB DL /720p Format…mp4 Duration….1h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Mariam (2022)

2022
Bahut Hua Sammaan(2020) 7.3
Bahut Hua Sammaan(2020) Bahut Hua Sammaan(2020)IMDb rating 7.3 ရရှိထားတဲ့ Hindi-Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း ဘဝရဲ့ အနာဂတ်ကို တွေးပြီး စိတ်ညစ်နေကြတဲ့ ကောင်လေးနှစ်ယောက်ကိုသူတို့နေတဲ့ အဆာင်နားက လူကြီးတစ်ယောက်က ဘဏ်ဓားပြတိုက်ဖို့ အကြံပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်ကလည်း အဖိုးကြီးရဲ့ အစီစဥ်ကို စိတ်ဝင်စားသွားပြီးအမှန်တကယ် အကောင်အထည်ဖော်ဖို့ ကြိုးစားကြပါတယ်။ဘဏ်ဖောက်တဲ့ အစီစဥ်အောင်မြင်နိုင်ပါ့မလား.... ဘဏ်ထဲ မှာ သူတို့မျှော်လင့်ထားတဲ့အရာတွေရှိနေမလား.... ဘယ်လိုပြဿနာတွေက ဆီးကြိုနေမလဲ.....ဆိုတာ ကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါ။ ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size :(992MB) and (428MB) Quality : WEB-DL 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Bahut Hua Sammaan(2020)