Channel Myanmar

Bianca Giancoli

The Brave One (2007) 6.7
The Brave One (2007) ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့်ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။“Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူအဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီးသိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာကအရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကိုသင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက်သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာအခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကိုစသတ်မိရာကနေပြီးတော့ သူ့အတွက်ကောနယူးယောက်မြို့သားတွေအတွက်ပါအပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာနယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ဆက်ကြည့်လိုက်ကြပါဦး။ File size…    1.7 GB /  775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Crime / ...
movie

The Brave One (2007)

Two Lovers (2008) 7.0
Two Lovers (2008) Two Lovers (2008) ============== IMDb Rating - 7.0/10Joker မင်းသားကြီး Joaquin Phoenix ငယ်ငယ်ကရိုက်ကူးခဲ့တဲ့ လှေနံနှစ်ဖက်နင်းတဲ့ Romance/Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လီယိုနက်ဆိုတဲ့ ဘဲတစ်ပွေဟာ bipolar ကြောင့် သူ့ဘဝသူ စိတ်ကုန် နေတဲ့ လူတစ်ယောက်ဖြစ်ပြီး အဆုံးစီရင်ဖို့လည်း အကြိမ်ကြိမ် ကြိုး စားဖူးသူပါ။ ဒါပေမဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ သူ့ကို လောက ကြီးက ပစ်မထားခဲ့ပါဘူး။သူဟာ တစ်ချိန်နည်းမှာ အမျိုးသမီး နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။ တစ်ယောက်က မိဘချင်း သဘောတူသလို သူ့ကိုလည်း အရမ်းချစ်တဲ့ ဆန်ဒရာ။ နောက်တစ်ယောက်က မထင်မှတ်ဘဲ ခင်မင်ခွင့်ရခဲ့တဲ့ အိမ် ထောင်ရှိ အမျိုးသားရဲ့ အငယ်အနှောင်းဖြစ်သူ မီရှဲလ်။ နှစ်ယောက်လုံး က မက်လောက်စရာဖြစ်နေတော့ ဘိုင်ပိုလာ လီယိုနက်တစ်ယောက် ဟိုကိုလည်း လက်မလွှတ်နိုင်၊ ဒီကိုလည်း မရှင်းမရှင်းတွေ လုပ်မိပြီး နှလုံးသားရေးရာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ သူများချစ်သူ ကြောင် တောင်နှိုက်ချင်တဲ့သူတွေ ရှိနေတာကို တန်ဖိုးမထားချင်တဲ့ အာသာမပြေ မာမာဝေတို့ အထူးကြည့်သင့်သော ဇာတ်လမ်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ...
movie

Two Lovers (2008)

2008