Channel Myanmar

Bigflo

Bigflo & Oli: Hip Hop Frenzy (2020) 7.2
Bigflo & Oli: Hip Hop Frenzy (2020) ဒီတစ်ခုကတော့ ရုပ်ရှင်မဟုတ်ပဲ Music documentary လေးတစ်ခုပါ Hip Hop ကြိုက်တဲ့သူတွေသိကောင်းသိမယ့် Bigflo နဲ့ Oli ဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားတဲ့ ပြင်သစ်rapper ညီအစ်ကိုနှစ်ယောက်ရဲ့ သူတို့နယ်လှည့်ဖျော်ဖြေပွဲတွေ လုပ်ခဲ့တုန်းက ရုပ်သံမှတ်တမ်းလေးတစ်ခုပါ show ပွဲတစ်ခုအတွက် နောက်ကွယ်မှာ သူတို့ဘယ်လိုပင်ပင်ပန်းပန်း ပြင်ဆင်ကြရတယ် ဘယ်လိုအစီအစဥ္ တွေဆွဲကြတယ်ဆိုတာပါဝင်ပါတယ် စိတ်ဖိစီးမှုတွေများနေတဲ့ကြားက သူတို့တက်ညီလက်ညီနဲ့ ပွဲ တိုင်းကို အောင်မြင်အောင်လုပ်ခဲ့တာတွေ ပရိတ်သတ်ကို အားတက်သရော ဖျော်ဖြေပုံတွေကို မြင်တွေ့ရမှာပါ တစ်ယောက်နဲ့ တစ်ယောက်ဖေးမပြီး အတူတူကြိုးစားကြတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ကိုကြည့်ရတာလဲ အားကျစရာပါပဲ ကျွန်တော်တို့အနေနဲ့ကြည့်ရင် နာမည်ကျော်တွေရဲ့ဘဝက သာယာဖြောင့်ဖြူးပြီးအားကျစရာဆိုပေမဲ့ သူတို့မှာလည်း သူတို့အတိုင်းအတာ နဲ့ စိတ်ဖိစီးမှုတွေရှိပါတယ် ကျော်ကြားမှု အရမ်းကြီးမားတာရဲ့ အခက်အခဲတွေ မွန်းကျပ်မှုတွေအကြောင်း ပြောပြထားတာလည်းပါဝင်ပါတယ် သူတို့ကို ချစ်တဲ့ ပရိတ်သတ်တွေအနေနဲ့တော့ သိမ်းထားသင့်တဲ့ Documentary လေးတစ်ခုပါ Translated by :Rico Suave Encoded by :Thit San Khant Quality : 1080p 5.1ch and 720p File Size : 1.1GB and 590MB
movie

Bigflo & Oli: Hip Hop Frenzy (2020)

2020