Channel Myanmar

Bijan Daneshmand

The Persian Version (2023)
The Persian Version (2023)  ဒီတစ်ခေါက်မှာတော့ IMDB 6.5/10 ရရှိထားတဲ့ Romance/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပါရှန်း(အီရန်)-အမေရိကန်မလေးဖြစ်သူ လေလာက ငယ်ငယ်ကတည်းက မိခင်နဲ့ ဖခင်ရဲ့ နိုင်ငံနှစ်နိုင်ငံကြား ဗျာများခဲ့ရသူပါ။ အစ်ကိုတွေ မောင်တွေ ကိုးယောက်တောင်ရှိတဲ့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သူ သူမကို သူ့အမေ ရှီယင်က အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်း အရွယ်ရောက်လာတဲ့အခါမှာတော့ လေလာက lesbian တစ်ယောက်ဖြစ်ခဲ့ပြီး အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတော့တယ်။သူမအပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီး သူမတို့ကြားမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ "အမေ့ကိုနားလည်ချင်ရင် အမေ့အကြောင်း စာရေးကြည့်ပါလား"ဆိုတဲ့ အဘွားဖြစ်သူ မာမာဂျွန်ရဲ့ အားပေးချက်ကြောင့် သူ့အမေရဲ့အကြောင်းကို သူသိသလောက် ရေးဖို့ကြိုးစားခဲ့ရာမှာတော့ သူ အရင်ကမသိခဲ့တဲ့ သူ့အမေနဲ့ အဖေရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို သိလိုက်ရပါတော့တယ်။"နာကျင်မှုကို မထိတွေ့ဘူးဆိုရင် နာကျင်မှုက ထိတွေ့မှာကိုလည်း မခံစားရဘူး"တဲ့။ တကယ်နာကျင်ရတဲ့အရာကို ...
movie

The Persian Version (2023)

Green Zone (2010) 6.8
Green Zone (2010)  ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေးအဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက် ​ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေးကြုံလာပါ​တော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။  File size…2.31GB / 968MB Quality…Blu-Ray  1080p 5.1CH  / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Green Zone (2010)

Infidel(2019) 6.5
Infidel(2019) Infidel(2019)အညွှန်း*******************IMDb....6.5ဒေါ့ဂ်ရော်ဝင်းစ်ဟာ ဘာသာရေးနဲ့ပတ်သတ်သမျှကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးသားနေလေ့ရှိတဲ့ ခရစ်ယာန်ဘာသာဝင်အမေရိကန်လူမျိုးဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာကြားတူညီမှု ကွဲပြားမှုတို့ကို အမြင်ချင်း ဖလှယ်ဖို့ ဖိတ်ကြားချင်ခံခဲ့ရပါတယ်။ဒါပေမဲ့ ဟောပြောပွဲမှာ စကားကျွံပြီး ပြောခဲ့မိတာကြောင့် အစ္စလာမ်ဘာသာဝင်တွေကြားအုံကြွမှုဖြစ်ကာ အမေရိကန်သူလျိုအဖြစ် မတရားအစွပ်စွဲခံရတဲ့အပြင် ဖမ်းစီးခြင်းခံရကာ အီရန်မှာရုံးတင်စစ်ဆေးခြင်းခံခဲ့ရပါတယ်။ သူ့အတွက် အဆိုးဆုံးအနေအထားရောက်ရှိနေတဲ့အပြင်အမေရိကန်အစိုးရရဲ့ ကာကွယ်မှုလည်းမရှိတော့ အချိန်မရွေးသေဒဏ်ပေးခံရမဲ့ အခြေအနေရောက်ရှိနေပါတယ်...ဒီလိုအခြေအနေမျိုးမှာ သူဘယ်လိုရုန်းထွက်မလဲ...ကယ်မဲ့သူရောရှိပါ့မလား.... ဘာသာရေးကိစ္စဆိုတော့သက်ညှာမှုလုံးဝမရှိတဲ့သူ့အနေအထားမှာ မျှော်လင့်ချက်ဆိုတာဘာဆို ဘာာမှမရှိပါ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....Infidel ဇာတ်ကားဟာ နိုင်ငံရေးအပေါ် ဘာသာရေးရဲ့လွမ်းမိုးမှု၊ကမ္ဘာတဝှမ်း အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ‌တွေမှာ ဂျာနယ်လစ်တွေ နှစ်အတော်ကြာခံစားခဲ့ရတဲ့ ဥပဒေမရှိ တရားမဲ့လုပ်ရပ်တွေကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်တာကြောင့်ဇာတ်လမ်းကောင်းမွန်တဲ့အက်ရှင်ကားဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်.....File Size :(0.98GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Infidel(2019)