Channel Myanmar

Biljana Mišić

Tekken 2: Kazuya’s Revenge (2014)
Tekken 2: Kazuya’s Revenge (2014) ဒီကားက​တော့ ပထမထွက်ခဲ့တဲ့Tekkenကားရဲ့ နံပါတ်နှစ်ကားပါ။ ဒုတိယကားဆို​ပေမဲ့ ပထမကားနဲ့ မဆိုင်​သလို ဇာတ်လမ်းကလည်း Live actionကားပီသစွာပဲ ပထမကား​ခြေရာကို နင်းနိုင်တဲ့အပြင် ပို​တောင်သာဦးမယ် ထင်ပါတယ်။ ဇာတ်လမ်းအစမှာ လူတစ်​ယောက်က အခန်းတစ်ခုထဲနိုးလာတယ်။ အဲဒီအချိန် ရဲ​တွေကဝင်ဖမ်းလို့ ထွက်​ပြေးရင်းကားတိုက်မိပြီး ​မေ့သွားတယ်။သတိရလာ​တော့ ဘုန်း​တော်ကြီးဆိုတဲ့ လူတစ်​ယောက်ဖမ်းထားတာကို ထပ်ခံရတယ်။ ဘုန်း​တော်ကြီးက နာမည်​မေး​တော့သူ့နာမည်သူမသိသလို သူ့ဘဝအ​​ကြောင်းကိုလည်း မမှတ်မိပါဘူး၊ ဒါနဲ့ပဲ ဘုန်း​တော်ကြီးက သူ့ကို "​ကေ"လို့ နာမည်​ပေးလိုက်ပြီး သူ့ရဲ့​ကြေးစားအလုပ်​တွေ လုပ်ခိုင်းပါ​တော့တယ်။ဘုန်း​တော်ကြီးဆိုတဲ့လူကလူ​ကောင်းမဟုတ်​​နေဘဲ ​​ပိုက်ဆံယူပြီး လူသတ်တဲ့အလုပ်ကိုအဖွဲ့အစည်းနဲ့ လုပ်​နေတာပါ။ အတိတ်​မေ့​နေတဲ့ ​ကေက ဘုန်းကြီးခိုင်းတဲ့ အလုပ်​​တွေလုပ်ပြီး လူ​တွေလိုက်သတ်ရင်း သူ့ဘဝအမှန်ကိုပြန်သတိရ​အောင်၊ ဘုန်း​တော်ကြီးရဲ့ ခိုင်းဖက်ဘဝက လွတ်​အောင်ကြိုးစားရပါ​တော့တယ်။ ​ကေရဲ့ဘဝအမှန်ကဘာလဲ၊ သူအတိတ်​မေ့​နေတဲ့ အ​​ကြောင်းရင်းကဘာလဲ၊ သူ့ကိုဖမ်းဆီးထားတဲ့ ဘုန်း​တော်ကြီးလက်က လွတ်​အောင်ဘယ်လိုကြိုးစားရမလဲဆိုတာ ဂိမ်းနာမည်မျက်နှာ ​ထောက်ထားပြီးကြည့်လိုက်ကြပါဦး။  File size…    1.2 GB /  694 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... ...
movie

Tekken 2: Kazuya’s Revenge (2014)