Channel Myanmar

Bill Murphey

Devil’s Knot (2013) 6.1
Devil’s Knot (2013) Colin Firth, Reese Witherspoon,Dane Dehhan တို့လိုဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်ကဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာကဒေမီယန် အက်ကိုးလ်, ဂျေဆင် ‌ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့လူငယ်လေးသုံးယောက်ပါ။ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်းနတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကိုယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေသက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလားအယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုDevil's knot ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…  1.58 GB /  768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Devil’s Knot (2013)

2013