Channel Myanmar

Billie Gadsdon

Tales of Babylon (2023) 5.9
Tales of Babylon (2023) Tales of Babylon (2023)2023 မှာထွက်ရှိထားပြီး ဆု​တွေအများကြီးရရှိထားတဲ့ Action, Thriller ကား​လေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်​ပေးပါ​ရ​စေ။~ ဇာတ်လမ်းအညွှန်း ~ကြေးစား​လူသတ်သမားလေး​ယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်​နေမှန်းမသိဘဲ မူးယစ်​ဆေး​ငွေ​ကြေးကိစ္စ​တွေနဲ့ ရှုပ်​​ထွေး​နေတဲ့ လန်ဒန်မှာ မစ်ရှင်​ဆောင်ရွက်​နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။လန်ဒန်ရဲ့မူးယစ်​ဂိုဏ်း​ခေါင်း​ဆောင် ​ဆေးဗားဒရာဂွန်ရဲ့ ​မြေးဖြစ်သူနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​အေးဂျင့် ​အိတ်စ်နဲ့ဝိုင် အဖွဲ့...တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်း​စေမှုနဲ့ ​မြေးနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​​ကြေးစားတစ်​ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ​သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်​ဖော်ကိုင်ဖက်​ဟောင်း စဗက်လားနားတို့ မစ်ရှင်​တစ်ခုတည်းကို လိုက်​နေမှန်းမသိ လုပ်​ဆောင်​နေရာက​နေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်​နေတာကို တစ်ဦးချင်းစီဘက်က​နေ ရိုက်ကူးပြထားတဲ့ဇာတ်ကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 925MB Quality - 1080p, 720p IMDb Rating ...
movie

Tales of Babylon (2023)

2023
Nocebo (2022) 5.8
Nocebo (2022) Nocebo (2022) ========== IMDb Rating - 5.7/10ကြည့်ရင်းနဲ့ ကိုယ်တိုင်စိတ်တ္တဇဖြစ်ချင်သလိုလို မရိုးမရွခံစားရမယ့် Mystery, Psychological thriller ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိ‌တ် ဆက်ပေးချင်ပါတယ်။ခရစ္စတင်းဟာ အလုပ်အရမ်းများတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး ခင်ပွန်းသည်ဖီးလစ်၊ သမီးလေးဘော့ဘ်တို့နဲ့ အတူနေထိုင်ပါတယ်။ အားလုံးအဆင်ပြေနေသယောင်ရှိပေမဲ့ ခရစ္စတင်းဟာ စိတ်ကယောင် ခြောက်ခြားဖြစ်ပြီး အရမ်းမေ့တတ်တဲ့ ရောဂါဆန်းတစ်မျိုးရှိပါတယ်။ အဲဒီအထိက ပုံမှန်လိုပါပဲ။ဒါပေမဲ့ သူတို့အိမ်ကို ဒိုင်ယာနာဆိုတဲ့ ဖိလစ်ပိုင်သူရောက်လာချိန်မှာ အဓိကဇာတ်လမ်းစပါတော့တယ်။ သံသယ၀င်စရာကောင်းတဲ့ ဒိုင်ယာနာ့ အပြုအမူတွေကလည်း ပရိသတ်ကိုစိတ်၀င်တစားဖြစ်စေမှာပါ။ ဒိုင်ယာနာဟာ ခရစ္စတင်းအတွက် မိတ်ဆွေဖြစ်မလား ရန်သူဖြစ်မလာ၊ ခရစ္စတင်းရဲ့ရောဂါဆန်းက ဒိုင်ယာနာနဲ့ပတ်သက်နေမလား၊ နောက်ပိုင်းမှာ ဘယ်လိုမထင်မှတ်တဲ့ ထိတ်လန့်စရာတွေက စောင့်ကြိုနေမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ခပ်ဆန်းဆန်း Psychological thriller ကားမျိုးမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် တင်ဆက် ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို C'mon မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ C'mon, Fiona Gillen တို့ဖြစ်ပါတယ်)File Size..........(1.87 GB) / (600 MB) / (390 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h ...
movie

Nocebo (2022)

2022