Channel Myanmar

Bimbo Manuel

Blood Vessel (2023)
Blood Vessel (2023)  Netflix ကနေ ဒီဇင်ဘာလ ၈ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အာဘီတို့နေထိုင်တဲ့ မြို့ကလေးမှာ Axis ရေနံကုမ္ပဏီရဲ့ ရေနံယိုဖိတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သဘာ၀ပတ်၀န်းကျင်ပျက်စီးညစ်ညမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ဒါပေမဲ့ အာဘီရဲ့ဇာတ်လမ်းကတော့ လူငယ်တွေရဲ့ ထကြွပုန်ကန်မှုနဲ့ မဆက်စပ်နေပါဘူး။ အာဘီရဲ့ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းပါ။ အာဘီမှာ အိုရင်လို့ခေါ်တဲ့ ချစ်ရတဲ့အမျိုးသမီးတဦးရှိပါတယ်။ ဒါပေမဲ့ သမီးထိ ဓားကြည့် ဆိုတဲ့ အိုရင်ရဲ့အဖေဟာ အာဘီရဲ့ အိုရင်ကို လုံး၀သဘောမတူဘဲ သမီးဖြစ်သူကို တရပ်တကျေးကိုပို့ဆောင်ဖို့ စီစဉ်ပါတော့တယ်။ဒီလိုနဲ့ လမ်းတွေပေါ်မှာ ဆူပူအုံကြွမှုတွေဖြစ်နေစဉ်ကာလကြီးမှာ အာဘီတယောက်ဟာ အိမ်ထဲမှာပိတ်လှောင်ခံထားရတဲ့ အိုရင်ကို ကယ်ထုတ်ရင်း ခိုးပြေးရပါတော့တယ်။ ဒီလိုနဲ့ အာဘီနဲ့အိုရင်တို့ဟာ အကြောင်းတိုက်ဆိုင်ပြီး တခြား လူလေးဦးနဲ့အတူ တခြားနိုင်ငံကိုသွားမယ့် သင်္ဘောရဲ့၀မ်းဗိုက်ခန်းထဲမှာ မှောင်ခိုလိုက်သွားဖို့ အကြောင်းဖန်သွားပါတော့တယ်။ ဒီလိုနဲ့ ဆယ်ပေပတ်‌လည်လောက်ပဲကျယ်တဲ့ ပြည်ပနိုင်ငံကိုရောက်ရှိဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့ အာဘီနဲ့ အိုရင် ...
movie

Blood Vessel (2023)

The Black Book (2023) 5.5
The Black Book (2023)  ဟောလီးဝုဒ်တွေ ဘောလီးဝုဒ်တွေနာမည်ကြီးနေတဲ့အချိန်မှာနောလီးဝုဒ်လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်တွေကလည်းအဆင့်မြင့်လာပြီးတော့ဘောင်ဝင်တန်းဝင်လာကြပါပြီ။အခုလဲ Netflix တန်းဝင် The Black Book လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အကျင့်ပျက်ခြစားမှုတွေဆိုတာကနိုင်ငံတိုင်းနေရာတိုင်းမှာရှိနေကြပါတယ်။အဲ့ဒီထဲမှာနိုက်ဂျီးရီးယားအစိုးရလဲအပါအဝင်ဖြစ်ပြီးအဲ့လိုအကျင့်ပျက်ခြစားမှုတွေကိုတိုက်ဖျက်နေတဲ့လူတွေလည်းရှိကြပါတယ်။တစ်နေ့မှာတော့ အဲ့လိုအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနမှာလုပ်ကိုင်နေတဲ့ပါမောက္ခခရေ့ဂျ်ရဲ့ မိသားစုကိုပြန်ပေးဆွဲသွားခဲ့ပြီး သူ့ကိုနှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့ပါတော့တယ်။ပြီးတော့ ပြန်ပေးသမားတွေက သူတို့လိုချင်တာရပြီးသွားတဲ့အခါမှာအဲ့ဒီအမှုကို ပိတ်သိမ်းဖို့အတွက် ကောင်လေးတစ်ယောက်ကိုသတ်ပြီးတော့အပြစ်ပုံချလိုက်ပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီကောင်လေးရဲ့အဖေကနယ်နယ်ရရမဟုတ်ပဲ သွားမထိသင့်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့သားဖြစ်သူမတရားသေဆုံးရခြင်းအတွက် အဖေတစ်ယောက်အနေနဲ့တရားမျှတမှုကိုရှာဖွေပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…2.39GB / 890MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 4m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Black Book (2023)