Channel Myanmar

Bjorn Johnson

Self Reliance (2023) 6.1
Self Reliance (2023) (function(f,b,n,j,x,e){})(); သောမတ်စ် ဝဲကော့ဒ်ဟာ (၂၃) နှစ်တာ အတူနေပြီးတွဲလာခဲ့တဲ့ ကောင်မ‌လေးဖြစ်သူနဲ့ လမ်းခွဲပြီးကတည်းက ဘဝကြီးမှာပိတ်မိနေသလိုမျိုး စိတ်ဓာတ်ကျနေခဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရှေ့ကို လီမိုစင်ကားကြီးရောက်လာပြီး ကစားပွဲတစ်ခုမှပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ကစားပွဲကတော့ ဒက်ခ်ဝဘ်ပေါ်မှာလွှင့်မဲ့ ဖြစ်ရပ်မှန်ရှိုးဖြစ်ပြီး ကမ္ဘာပေါ်ကနေရာအနှံ့မှာရှိနေတဲ့ မုဆိုးတွေက အမဲလိုက်မှာကို ရက်ပေါင်း (၃၀) တိတိ အသက်မသေပဲ ရှင်သန်နေထိုင်နိုင်ရင် ဒေါ်လာ တစ်သန်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းချက်ကတော့ တစ်ခုပဲရှိပြီး အဲဒါကတော့ ပါဝင်တဲ့သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာပဲ အမဲလိုက်လို့ရမှာဖြစ်ပြီး တခြားလူတစ်ယောက်ယောက်နဲ့အတူနီးကပ်စွာရှိနေရင် အမဲလိုက်လို့ရမှာ မဟုတ်ပါဘူး။ဒီစည်းကမ်းချက်က သူ့အတွက်လွတ်ပေါက်ဖြစ်နေမှာကို သဘောပေါက်သွားတဲ့ သောမတ်စ်တစ်ယောက်ကတော့ သူ့ရဲ့ ပိတ်မိနေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ချင်စိတ်နဲ့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့အမေဖြစ်သူအပါအဝင် မိသားစုဝင်တွေအကုန်လုံးကပါ သူပြောတာကို မယုံကြတဲ့အခါမှာတော့ ရက် (၃၀) လုံးကို အမဲလိုက်မခံရပဲ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.32 GB)/(618 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... ...
movie

Self Reliance (2023)

Parallel Chords (2019) 5.3
Parallel Chords (2019) ဒီဇာတ်ကားလေးကတော့ငယ်ရွယ်တဲ့တယောပညာရှင်ကောင်မလေးတစ်ယောက်သူမလုပ်ချင်တဲ့အရာတွေကိုအတင်းဖိအားပေးလုပ်ခံရတဲ့အခါမှာရုန်းထွက်တဲ့ပုံစံကိုရိုက်ကူးပြထားတဲ့ကားကောင်းလေးပါပြဇာတ်တွေမှာဝင်ပြီးသရုပ်ဆောင်ရတာကိုဝါသနာပါပေမယ့်အဖေဖြစ်သူရဲ့တွန်းအားပေးမှုနဲ့ဖိနှိပ်မှုတွေကြောင့်တယောပညာကိုသင်ယူပြီးပြိုင်ပွဲတွေဝင်ပြိုင်ရတဲ့အခါ..တစ်ဖက်မှာလည်းသူဝါသနာပါတဲ့ပြဇာတ်လူရွေးပွဲတွေမှာအဖေမသိ​အောင်ခိုးပြီးဝင်ပါတဲ့အခါ...တစ်ရက်သူနဲ့သူ့အဖေကိုနယ်လှည့်ဖျော်ဖြေမယ်အဖွဲ့ကသူတို့နဲ့အတူဖျော်ဖြေဖို့ကမ်းလှမ်းလာတဲ့အခါဒါတွေကိုသည်းမခံနိုင်တော့တဲ့ကောင်မလေးဘာတွေလုပ်မလဲဘယ်လိုတွေထွက်ပြေးမလဲဆိုတာကိုကြည့်ရှုရမှာပါ File Size : ( 924 MB , 341 MB )Quality :  WEB-DL 720pRunning Time : 1 hr 38minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin  
movie

Parallel Chords (2019)

2019