Channel Myanmar

Blake Harrison

The Kindred (2021) 4.7
The Kindred (2021) The Kindred (2021) ===============ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့ သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာ ဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ် မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေပါတယ်။ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာ သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရော ဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်း လာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေး ဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့ အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီး လေးဆီကို ...
movie

The Kindred (2021)

2021
Agatha and the Midnight Murders (2020) 6.4
Agatha and the Midnight Murders (2020) Agatha and the Midnight Murders (2020)================================IMDb Rating - 6.4/10#Unicodeကမ္ဘာပေါ်မှာအအောင်မြင်ဆုံးစုံထောက်ဝတ္ထုတွေကိုရေးခဲ့တဲ့ စာရေးဆရာမကြီးအဂ္ဂသာခရစ်စတီးကိုဇာတ်အိမ် တည်ပြီး ရိုက်ကူးထားတဲ့ လျှို့ဝှက်မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာ စာရေးဆရာမကြီးခရစ်စတီးဟာ စီးပွားရေးပျက်လုနီးပါးဖြစ်ပြီး အခွန်အကြွေးတွေပါပေးစရာရှိတာကြောင့် သူ့ရဲ့နာမည်ကျော်ဇာတ်ကောင်ပွိုင်ရော့(Poirot)ကို သေခိုင်းလိုက်တဲ့ ဝတ္ထုတစ်ပုဒ်ကိုရေးခဲ့ပါတယ်။ အဆိုပါဝတ္ထုရဲ့လက်ရေးမူကို သူ့ရဲ့အမာခံပရိသတ်တစ်ဦးထံ ရောင်းချဖို့လုပ်ခဲ့ပါတယ်။ ရောင်းချဖို့အတွက်တွေ့ဆုံနေကြတုန်းမှာ ဂျာမာန်တွေရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံရလို့ မြေအောက်ခန်းမှာရှောင်ပုန်းနေခဲ့ရပါတယ်။မြေအောက်ခန်းထဲမှာပုန်းနေတုန်း သူ့ရဲ့ဝတ္ထုလက်ရေးမူကအခိုးခံလိုက်ရသလို လာဝယ်တဲ့လူကလည်းရုတ်တရက်သေဆုံးခဲ့ပါတော့တယ်။ ဒီလောက်အထိပဲ ဇာတ်လမ်းအညွှန်းကိုပြောပြချင်ပါတယ်၊ စိတ်ဝင်စားစရာကောင်းတဲ့လှည့်ကွက်လေးတွေနဲ့ ဇာတ်အိမ်ကိုရိုက်ပြသွားတာလေးက အတော်ကိုသေသပ်ပါတယ်။Mystery ကားတွေကြိုက်သူများအဖို့အတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါရစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) #Zawgyiကမာၻေပၚမွာအေအာင္ျမင္ဆုံးစုံေထာက္ဝတၳဳေတြကိုေရးခဲ့တဲ့ စာေရးဆရာမႀကီးအဂၢသာခရစ္စတီးကိုဇာတ္အိမ္ တည္ၿပီး ႐ိုက္ကူးထားတဲ့ လွ်ိဳ႕ဝွက္မႈခင္းဇာတ္လမ္းေလးပဲျဖစ္ပါတယ္။ ဒီကားေလးမွာ စာေရးဆရာမႀကီးခရစ္စတီးဟာ စီးပြားေရးပ်က္လုနီးပါးျဖစ္ၿပီး အခြန္အေႂကြးေတြပါေပးစရာရွိတာေၾကာင့္ သူ႔ရဲ႕နာမည္ေက်ာ္ဇာတ္ေကာင္ပြိဳင္ေရာ့(Poirot)ကို ေသခိုင္းလိုက္တဲ့ ဝတၳဳတစ္ပုဒ္ကိုေရးခဲ့ပါတယ္။ အဆိုပါဝတၳဳရဲ႕လက္ေရးမူကို သူ႔ရဲ႕အမာခံပရိသတ္တစ္ဦးထံ ေရာင္းခ်ဖို႔လုပ္ခဲ့ပါတယ္။ ေရာင္းခ်ဖို႔အတြက္ေတြ႕ဆုံေနၾကတုန္းမွာ ဂ်ာမာန္ေတြရဲ႕ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ႀကဳံရလို႔ ေျမေအာက္ခန္းမွာေရွာင္ပုန္းေနခဲ့ရပါတယ္။ေျမေအာက္ခန္းထဲမွာပုန္းေနတုန္း သူ႔ရဲ႕ဝတၳဳလက္ေရးမူကအခိုးခံလိုက္ရသလို လာဝယ္တဲ့လူကလည္း႐ုတ္တရက္ေသဆုံးခဲ့ပါေတာ့တယ္။ ...
movie

Agatha and the Midnight Murders (2020)

2020