Channel Myanmar

Bo-geun Cheon

Hello Ghost (2010) 7.6
Hello Ghost (2010) Hello Ghost (2010)==============IMDb Rating - 7.6/10#Unicodeဒီဇာတ်ကားလေးကတော့ comedy,drama အမျိုးအစားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဘဝကြီးကိုစိတ်ကုန်နေတဲ့ ကင်ဆန်မင် ၊ ငယ်ငယ်ကတည်းဆွေမရှိ မျိုးမရှိတစ်ကောင်ကြွက် ၊ မျက်နှာငယ်ဘဝနဲ့လူအထင်သေးမခံချင်လို့ ငယ်ငယ်ကတည်းကအလုပ်တွေအရမ်းကြိုးစားပြီးပိုက်ဆံတွေရှာတယ် ၊ ဒါပေမယ့်သူ့ဘဝရည်မှန်းချက်မရှိရယ် ၊ သူလိုချင်ခဲ့တာမိသားစုမျိုး အသိုင်းအဝိုင်းမျိုးမရခဲ့တာရယ်ကြောင့် လူဘဝကိုစိတ်နာပြီးကိုယ့်ကိုကိုယ်အကြိမ်ကြိမ်သတ်သေခဲ့ပါတယ်၊ ဆေးသောက်ပြီးသတ်သေတယ်ဒါပေမယ့် မသေခဲ့ပါဘူးနောက်ဆုံးမှတော့မှာတံတားပေါ်ကနေခုန်ချပြီးသတ်သေခဲ့ပါတယ် ၊ ဒါပေမယ့် တံတားအောက်မှာကယ်ဆယ်ရေးတွေရှိနေတာကြောင့် သူ့ကိုကယ်ခဲ့ပါတယ် ၊ နောက်ဆုံးသူ့ကိုဆေးရုံကိုခေါ်သွားပြီးအသက်ပြန်ရှင်လာအောင် ဆရာဝန်တွေကြိုးစားပေးခဲ့ကြတယ်။ ဒီတစ်ကြိမ်ပြန်နိုးလာတော့ သူ့မှာအထူးအဆန်းတွေဖြစ်ပါတော့တယ် ၊ ဆေးရုံမှာ သရဲဝိဉာဉ်လေးကောင်ကိုမြင်ခဲ့တယ်။ အဲ့ဒီသရဲလေးကောင်ဟာသူသွားနေရာတောက်လျှောက်လိုက်တယ်။ သူ့ကိုအနှောင့်အယှက်တွေပေးတယ် ၊ အဲ့ဒါနဲ့ကင်ဆန်မင်ဟာ နတ်ဆရာတစ်ယောက်ဆီသွားပြီးအကူအညီတောင်းတယ် ၊ နတ်ဆရာက မင်းသရဲတွေကိုမြင်နေရတာက သူတို့ဆန္ဒကိုဖြည့်ဆည်းခိုင်းဖို့၊ သူတို့ဆန္ဒပြည့်သွားတာနဲ့ မင်းဆီကနေထွက်သွားလိမ့်မယ်ဆိုပြီးပြောခဲ့တယ် ၊ ဒီလိုနဲ့ ကင်ဆန်မင်တစ်ယောက် သရဲလေးကောင်ရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းဖို့ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်ကားလေးကတော့ comedy,drama အမျိုးအစားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဘဝကြီးကိုစိတ်ကုန်နေတဲ့ ...
movie

Hello Ghost (2010)

2010
Tidal Wave(2009) 5.7
Tidal Wave(2009) Tidal Wave(2009)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)တစ်ချို့သော သူတွေကြိုက်တဲ့ရုပ်ရှင်အမျိုးအစားဟာ အနည်းငယ်ထူးဆန်းတယ်လို့ပြောရမလားပဲ...ကမ္ဘာကြီးပျက်တာ...ကပ်ဆိုးတွေအမျိုးမျိုးနဲ့ဒုက္ခရောက်တဲ့ ရုပ်ရှင်တွေဆို အရမ်းသဘောကျစွာ တစ်ကူးတကကိုရှာဖွေကြည့်လေ့ရှိကြတယ်....ဒီကိုရီးယားရုပ်ရှင်ဟာလည်း ကပ်ဆိုးတစ်ခုအကြောင်းကို နာမည်ကြီးသရုပ်ဆောင်များစွာနဲ့ဆောင်ရန်ရှောင်ရန်လေးတွေပညာပေးရင်း ဟာသလေးတွေနှောကာ မပျင်းမရိရအောင် ခပ်မိုက်မိုက်ရိုက်ကူးထားတာပါ....ဟယ်အွန်းဒယ်လို့ခေါ်တဲ့ ကမ်းခြေတစ်မြို့လေးတစ်ခုရှိတယ်... သိပ်လှတဲ့ အဲ့ဒီဟယ်အွန်းဒယ်ဆိုတဲ့မြို့လေးကို နှစ်စဥ်လူတစ်သန်းနီးပါး လာရောက်လည်ပတ်လေ့ရှိပါတယ် .... ကမ်းခြေမှာနေထိုင်ကြတဲ့ လူတွေရဲ့ဘဝရှင်သန်ရေးပုံစမျိုးစုံနဲ့လှုပ်ရှားနေရင်း မြို့လေးဟာလေး ကပိုကယိုလှပနေလေရဲ့...ဒီမြို့မှာရှိတဲ့ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်တဲ့ ပါမောက္ခဂင်ဟာ  ထူးဆန်းတဲ့ကပ်တစ်ခုကျရောက်နိုင်တာကို သွားတွေ့မိတယ်...အဲ့ဒါက ကိုရီးယားနိုင်ငံမှာ ပထမဆုံးဆူနာမီငလျင်လှုပ်ခတ်နိုင်တယ်ဆိုတာပါပဲ...ဒါပေမယ့် ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူ...း ပုံမှန်နေ့ရက်တွေလိုပဲ  မြို့သူမြို့သားခရီးသွားတွေဟာ  ပေါ့လျော့စွာ ဆက်လက်ကုန်ဆုံးခဲ့ကြပါတယ်...ပါမောက္ခဂင်ဟာ ငလျင်နဲ့ပက်သက်ပြီ အထက်ကအဖွဲ့အစည်းကိုနည်းမျိုးစုံတင်ပြခဲ့ပေမယ့်လည်းအားလုံးက လျစ်လျှူရှုခဲ့ကြတယ်....အဲ့ဒီလို လျစ်လျှူရှုခြင်းပြီးတဲ့နောက်မှာတော့....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်လိုက်ပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....File Size :(2.1GB) (950MB) and (364 MB) Quality :Blu-Ray 1080p 5.1 CH, ...
movie

Tidal Wave(2009)