Channel Myanmar

Bo Yokely

After the Storm (2019) 5.4
After the Storm (2019) After the Storm (2019)ဒီရုပ်ရှင်လေးထဲမှာတော့ သူတစ်ပါးကိုကူညီတတ်တဲ့ ကျောင်းဆရာမလေးနဲ့ တစ်နယ်တည်းသားချင်း နယ်ခံလက်သမားလေးတို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကျေးလက်ရဲ့ အငွေ့အသက်၊ သာယာလှပမှုတို့ကိုပါ ပူးတွဲခံစားရမှာပဲဖြစ်ပါတယ်။တစ်နေ့မှာ ကျေးလက်ဒေသလေးတစ်ခုဟာ သူတို့ရဲ့သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်လာခဲ့တဲ့ လေမုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး များပြားလှစွာသော အပျက်အစီးတွေကြားရောက်ခဲ့ရပါတယ်။ သေသူ‌ကသေ၊ ထိခိုက်ဒဏ်ရာရသူကရ၊ အိမ်ပြိုသူကပြိုနဲ့ အတော်လေးကိုကမောက်ကမဖြစ်နေတဲ့ အချိန်ကာလတစ်ခုဖြစ်နေခဲ့တယ်။ မုန်တိုင်းရဲ့ဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့သူတွေထဲမှာ လော်ရန်ဆိုတဲ့ကျောင်းဆရာမလေးတစ်ယောက်လည်း အပါအဝင်ဖြစ်တယ်။လော်ရန်ဟာ ချောင်လည်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဒန်နဲ့စေ့စပ်ထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ မုန်တိုင်းကျတဲ့အချိန်မှာ ဒန်ဟာ ဩစတေးလျကို အလုပ်ကိစ္စနဲ့ရောက်နေပြီး လော်ရန်ကတော့ ကိုယ့်အိမ်ကိုယ့်ရာရဲ့ တင်းကုပ်ထဲမှာရှိနေခဲ့တယ်။ မနက်မိုးလင်းထွက်အကြည့်မှာတော့ သူ‌တို့မိသားစုလက်ဆင့်ကမ်းခဲ့ကြတဲ့ သူ့ရဲ့အိမ်လေးဟာ ရာသီဥတုရဲ့ဆိုးရွားတဲ့ရိုက်ချက်မှာ အထိနာခဲ့တာကို တွေ့လိုက်ရပါတော့တယ်။လော်ရန်ဟာ စိတ်ဓာတ်မကျပဲ နွေရာသီအားလပ်ချိန်လည်းဖြစ်တာကြောင့် သူ့အိမ်ကို သူကိုယ်တိုင်ပြန်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အဝေးရောက်သူတို့သားလောင်းရဲ့ သူ့နည်းသူ့ဟန်နဲ့ သူကောင်းမယ်ထင်သလို လော်ရန့်ကို ကူညီပေးလိုက်တာဟာ သူတို့ကြားကအချင်းချင်းနားလည်မှုနဲ့ ဆက်ဆံရေးအခြေအနေကို အလင်းပွင့်စေခဲ့တယ်။တစ်ဖက်မှာတော့ လော်ရန်နဲ့ အတိတ်မှာဇယားလေးတွေရှိခဲ့ကြဖူးတဲ့ တစ်နယ်တည်းသား ...
movie

After the Storm (2019)

2019
Secret Lives Of Housewives (2022) 5.5
Secret Lives Of Housewives (2022) Secret Lives Of Housewives (2022) ========================ပီတာနဲ့ကန်ဒရာတို့အိမ်ကို ပြုပြင်ဖို့အတွက် ကန်ထရိုက်တာ အဲရစ်က တာဝန်ယူရပါတယ်။ အဲရစ်ဆိုတာ ပညာတတ်လူငယ် တစ်ယောက်လည်းဖြစ်ပြီး အပြောကကောင်း သဘောကလည်း ကောင်းဆိုတော့ ကန်ဒရာတစ်ယောက် စိတ်လှုပ်ရှားမှုတွေဖြစ် လာခဲ့တယ်ပေါ့။ တတ်နိုင်သလောက် ထိန်းခဲ့ပေမယ့် နှလုံးသား ဆိုတာ ကိုယ့်စကားနားထောင်တဲ့အရာမဟုတ်တော့ ကြာသပ တေးနေ့ညမှာ အဲရစ်နဲ့ချိန်းတွေ့မိပါတယ်။ပီတာတစ်ယောက် ခြေလှမ်းတွေပျက်နေတာကို ကန်ဒရာရိပ်မိ ပေမယ့်မပြောဖြစ်ခဲ့ပါဘူး။ ကားပတ်မောင်းမယ်ပြောပြောပြီး တစ်နာရီနှစ်နာရီလောက် ပျောက်ပျောက်နေခဲ့တယ်။ တစ်နေ့ဆို ညသန်းခေါင်မှပြန်လာတယ်။ ကန်ဒရာလည်း အိပ်ချင်မူးတူးနဲ့ နှုတ်ဆက်ပြီး ပြန်အိပ်ပျော်သွားခဲ့တယ်။နောက်တစ်နေ့ အိပ်ရာနိုးတော့ အဲရစ်အိမ်နားမှာ ရဲတွေအများကြီး၊ အဲရစ်အိမ်ကနေ အဝတ်ဖြူအုပ်ထားတဲ့ အလောင်းတစ်လောင်းကို လည်း ထမ်းစင်နဲ့သယ်သွားတာတွေ့လိုက်တယ်။ အဲရစ်နဲ့ သူနဲ့သိ အောင် မိတ်ဆက်ပေးခဲ့တဲ့ အဲရစ်ရဲ့အချစ်ဆုံးမိန်းကလေးကို ဖုန်း ဆက်မေးကြည့်တော့ အဲရစ်ဆုံးပြီတဲ့။ ဘာကြောင့်လဲ၊ အဲရစ် ဘယ် လိုဖြစ်ပြီးဆုံးသွားတာလဲ၊ ဘယ်သူကသတ်လိုက်တာလဲ၊ နောက် ဆုံးမှာမထင်ထားတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်သွားမလဲ၊ အဲဒီ မေးခွန်းပေါင်းများစွာရဲ့ အဖြေကို ကိုယ်တိုင်ပဲကြည့်ရှုရှာဖွေ လိုက်ကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.34 GB) / (460 MB) / ...
movie

Secret Lives Of Housewives (2022)

2021