Channel Myanmar

Bob Farrelly

Ricky Stanicky (2024) 6.2
Ricky Stanicky (2024)  ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာPeacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒါ့အပြင် High School Musical / The Greatest showmanတို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ***************ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာHalloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကိုမတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ်လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီးလုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးသူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခုရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကိုမိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာမထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ်(John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုးသရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေအစပြုလာခဲ့ပါတော့တယ်။ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက်ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှmဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာအပန်းပြေသွားစေမှာပါလို့ ...
movie

Ricky Stanicky (2024)