Channel Myanmar

Bob Tracey

Only You (1994) 6.5
Only You (1994)  မင်းသားကြီး Robert Downey Junior နဲ့ အန်တီမေတို့ဇာတ်ကားလေးဖြစ်တာကြောင့် Marvel universeမှာ ဆုံစေချင်လျက်မဆုံလိုက်ရတဲ့ ပရိတ်သတ်များအတွက် စိတ်ကျေနပ်စေမှာပါ။Spidermanကားတွေထဲမှာတောင် သိပ်လှနေတဲ့အန်တီမေငယ်ငယ်ရွယ်ရွယ် ဖလန်းဖလန်းအချိန်မှာ ဘယ်လောက်တောင်လှမလဲတွေးကြည့်ရုံတင်မဟုတ် မျက်မြင်ပါကြည့်လို့ပါပြီ။ဇာတ်ကြောင်းကတော့ Faithဟာ ငယ်ငယ်က နာမည်ဖော်ရတဲ့Ouija boardနဲ့ ဗေဒင်ဆရာမဟောပြောချက်ကြောင့် Damon Bradleyနာမည်နဲ့လူဟာ သူ့ဖူးစာရှင်ဖြစ်တယ်ဆိုပြီး ဒီနာမည်ကို တစ်သက်လုံးစောင့်လာပါတယ်။ သူလက်ထပ်ခါနီးအချိန်မှာတင် ဒီနာမည်နဲ့လူကို ရှာဖို့အီတလီကိုလိုက်သွားပါတယ်။ အီတလီမှာ သူဖူးစာရှင်ကို ရှာတွေ့ပါ့မလား၊ဒီနာမည်နဲ့လူကရော သူ့ဖူးစာရှင်အစစ်ဖြစ်ပါ့မလား၊ မင်းသားကြီးRobert Downey Junior နဲ့ရော ဘယ်လိုဆက်စပ်နေမလဲဆိုတာရင်ခုန်စွာ ကြည့်လိုက်ကြရအောင်ဗျာ။  File size…2.36GB / 1.06GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 49m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Only You (1994)

The Mothman Prophecies (2002) 6.4
The Mothman Prophecies (2002) ဂျွန်ကလိုင်းက ဝါရှင်တန်ဒီစီပို့စ်သတင်းဌာနရဲ့ အောင်မြင်တဲ့ သတင်းထောက်ဖြစ်သလို သာယာတဲ့အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ညမှာ သူနဲ့ဇနီးသည်တို့ ‌အိမ်ပြန်လာစဉ် ကားမတော်တဆမှုနဲ့ ဇနီးဖြစ်သူဆုံးပါးသွား ပါတယ်။ သေခါနီးအချိန် ဇနီးသည်က ကားတိုက်မှုမဖြစ်ခင် သူမြင်ခဲ့တဲ့ အရာတစ်ခုကို ဂျွန်ရောမြင်ခဲ့ရဲ့လားလို့ မေးခွန်း ထုတ်သွားခဲ့သလို ဂျွန်ကိုယ်တိုင်လည်း ဇနီးသည် ဝှက်ခဲ့တဲ့ ပဟေဠိကို အဖြေရှာမရဘဲ အချိန်၂နှစ်ကုန်သွားပါတယ်။၂နှစ်ကြာတဲ့အထိ ဇနီးဖြစ်သူသေဆုံးမှုကနေ ရုန်းမထွက်နိုင် ဖြစ်နေတဲ့ ဂျွန်ဟာ တစ်ညမှာအလုပ်ခရီးသွားရင်း ကားပျက် သွားလို့ နီးရာအိမ်ကို အကူအညီဝင်တောင်းခဲ့ရာ မထင်မှတ် ထားတဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတယ်။ အိမ်ပိုင်ရှင်တွေက ဂျွန်ကို ၃ညဆက်တိုက် မနက်၂နာရီခွဲတိုင်း တံခါးလာခေါက် တဲ့ Stalkerအဖြစ်စွပ်စွဲဖမ်းဆီးပြီး ရဲလက်အပ်လိုက်တာပါ။ ဒါ့အပြင် သူရောက်နေတဲ့နေရာက ဝါရှင်တန်နဲ့မိုင်၄၀၀ကျော် ဝေးတဲ့ အိုဟိုင်းယိုးဖြစ်နေတာပါ။မနက်၁နာရီထိုးမှ အိမ်ကစထွက်လာပေမယ့် မနက်၂:၃၀မှာ နေ့ဝက်ခရီးလောက် မောင်းရမယ့် အိုဟိုင်းယိုးကိရောက်နေ သလို အရှေ့၂ရက်လောက်ကတည်းက သူတို့ကိုနှောင့်ယှက် နေသူအဖြစ် အိမ်ရှင်တွေက စွပ်စွဲနေတာကြောင့် ဂျွန်လည်း ဘူမသိကိုးမသိ ရဲဖမ်းခံလိုက်ရပါတယ်။ အဆိုပါရဲနဲ့ စကား စပ်မိတဲ့အခါ ဒီမြို့မှာလည်း ထူးဆန်းတဲ့အရာ‌ကို မြင်တွေ့ နေသူတွေရှိကြောင်း သိလိုက်ရတဲ့အခါ ဇနီးဖြစ်သူပြောခဲ့တဲ့ ပဟေဠိဆန်တဲ့ အရာအကြောင်း စဉ်းစားမိပြီး ဇနီးသည်ရဲ့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုနဲ့ ထိုပဟေဠိဖြစ်တည်မှုအကြောင်း လိုက်လံစုံစမ်းရာမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေထဲ ဝင်တိုးမိသွားပါတော့တယ်။ File ...
movie

The Mothman Prophecies (2002)

2002