Channel Myanmar

Bobby C. King

Criminal Activities (2015) 5.8
Criminal Activities (2015)  Old But Gold ကားလေးတွေပြန်ကြည့်ချင်သူတွေအတွက်ခေတ်ဟောင်းအက်ရှင်မင်းသားကြီးဂျွန်ထရာဗိုတာပါဝင်သရုပ်ဆောင်ထားတဲ့ Criminal Activities ဆိုတဲ့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ဇာတ်လမ်းအမျိုးအစားကတော့သည်းထိပ်ရင်ဖိုဒရာမာအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းကို ဈာပနတစ်ခုမှာစတင်ထားတာကိုတွေ့ရမှာဖြစ်ပြီးအချိန်မတန်သေးပဲ ကွယ်လွန်သွားခဲ့တဲ့သူငယ်ချင်းဖြစ်သူအတွက်သူ့ရဲ့ သူငယ်ချင်းလေးယောက်က ဈာပနပွဲကိုလာတက်ခဲ့ကြပါတယ်။နောက်တော့ သူငယ်ချင်းတွေစကားလက်ဆုံပြောကြရင်းနဲ့အောင်မြင်မှာ သေချာတဲ့စတော့ရှယ်ယာကို ရောင်းဖို့ရှိတယ်ဆိုတဲ့အကြောင်း သူငယ်ချင်းတစ်ယောက်က စကားစလိုက်တဲ့အခါမှာယောက်ျားလေးတွေ ထုံးစံအတိုင်း ရရာနေရာကပိုက်ဆံယူပြီးအကုန်ပုံအောထည့်ဝယ်လိုက်ပါတော့တယ်။ကံကြမ္မာဆိုတာကလည်းထင်သလောက် သဘောမကောင်းတဲ့အခါမှာတော့ စတော့တွေ အကုန်လုံးသုံးစားမရဖြစ်ကုန်ပြီး လူဆိုးဂိုဏ်းဆီက ပိုက်ဆံချေးလာပေးတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့လေးယောက်သားတိုင်ပတ်ကုန်ကြပါတော့တယ်။ဒါပေမယ့် လူဆိုးဂိုဏ်းခေါင်းဆောင်ကသဘောကောင်းပြီး သူတို့ကိုရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်။အဲ့ဒီ ရွေးချယ်စရာကတော့ အဲ့ဒီခေါင်းဆောင်ရဲ့ ရန်သူဖြစ်သူရဲ့ညီကိုပြန်ပေးဆွဲပေးရမှာ ဖြစ်ပြီးအဲ့လိုလုပ်ပေးရင်အကြွေးတွေ အကုန်ချေပေးမယ်လို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီတော့ ဘာမှရွေးချယ်စရာရှိမနေတဲ့ သူငယ်ချင်းလေးယောက်လည်းမရဲတရဲနဲ့ ပြန်ပေးဆွဲဖို့ကြိုးစားပြီးနောက်မှာတော့ ဘာတွေဆက်ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ Plot Twist ပေါင်းများစွာနဲ့စိတ်ဝင်စားစရာဇာတ်ကားဟောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…965MB / 440MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Crime , Drama ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Criminal Activities (2015)

Rucker the Trucker (2022) 4.0
Rucker the Trucker (2022) Rucker the Trucker (2022) ===================ဒီတစ်ခါ ထရပ်ကားလေးနဲ့ပုံဆွဲရအောင်... ဘာပုံလဲဆိုတော့... လူပုံပါ ဘယ်သူ့ပုံလဲဆိုတော့... ချစ်လှစွာသောဇနီးပုံလေးပေါ့ထရပ်ကားမောင်းရတာကို အရမ်းသဘောကျလွန်းလို့ လမ်းမပေါ်မှာပဲ နေ့ရက်တွေကုန်ဆုံးခဲ့တဲ့ ရပ်ကာ ကတော့ သူ့မိန်းမကိုအရမ်းချစ်ပါသ တဲ့။ ချစ်လွန်းလို့ မိန်းမရဲ့ရုပ်ပုံလွှာကို မြေပုံပေါ်မှာအစက်လေးတွေချပြီး ရုပ်ပုံပေါ်အောင်လုပ်ကာ သူ့အချစ်ကိုသက်သေပြချင်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကိုစွန့်ခွာခဲ့တဲ့ ဇနီးဟောင်းဒါလိန်းကို သူ့ဆီပြန် လာစေချင်တာပါ။သူ့ရဲ့မဟာဖန်တီးမှုကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးပြီး လိုက်ကူညီပေး နေတာ မက်ဂီလို့ခေါ်တဲ့အပျော်တမ်းဓါတ်ပုံဆရာတစ်ယောက်။ ပြီးတော့ ထရပ်ကားမောင်းဆရာတွေရဲ့ဘဝကိုလည်း စိတ်ဝင်စားတာကြောင့် အင် တာဗျူးတွေလုပ်ပြီး ရပ်ကာနဲ့အတူ မြေပုံပေါ်မှာပုံရိပ်ထင်အောင် ကြိုးစား ပေးနေတဲ့သူပေါ့။ ဒါပေမဲ့ ရပ်ကာက မြေပုံပေါ်က အစက်လေးတွေနေရာ ကို ဘယ်လိုရွေးချယ်ခဲရ့လဲ၊ မက်ဂီကရော သူစိမ်းတစ်ယောက်ရဲ့ဖန်တီးမှုမှာ ဘာလို့ကူညီပေးခဲ့တာလဲ၊ ရပ်ကာရဲ့ဇနီးဟောင်း ဒါလိန်းကရော ဘယ်လောက် ထိ အရေးပါလဲဆိုတဲ့မေးခွန်းတွေအတွက်တော့... ကြာပါတယ်ဗျာ.... ရုပ် ရှင်ကိုဆက်ကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.66 GB) / (712 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Thriller Translator......Jo Jo Va Encoder..........SWM
movie

Rucker the Trucker (2022)

2022
Starship Troopers 2: Hero of the Federation (2004) 5.0
Starship Troopers 2: Hero of the Federation (2004) Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာအဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင်ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံးကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်းကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်.ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက်တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာလူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကိုသိလိုက်ရပါတော့တယ်.ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ?ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေကရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့.Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး runtimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့်ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကိုအခုထိသဘောကျဆဲဖြစ်ပါတယ်.Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ. File size…  2.2 GB /  790 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.... Charm
movie

Starship Troopers 2: Hero of the Federation (2004)

2004
Would You Rather (2012) 5.7
Would You Rather (2012) "မင်းသာဆိုရင်ဘာလုပ်မလဲ" ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်‌ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်‌ခေါ်တာခံလိုက်ရပါတယ်။ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအ‌ထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရ‌ပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(490 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

Would You Rather (2012)