Channel Myanmar

Bokuzō Masana

Hotel Royal (2020) 5.6
Hotel Royal (2020) Hotel Royal 2020လူ့သဘာဝ သရုပ်ဖော်ကားလေးတွေဟာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ရှယ်ဆွေးလို့ကောင်းလှပါတယ်။ ဒါကို The pursuit of happyness လိုကားမျိုးလေးတွေက သက်သေပြလို့နေပါတယ်။၂၀၂၀ ခုနှစ်ရဲ့ အဲလိုကားမျိုးလေးတွေရှာကြည့်ရင်းနဲ့ ကျွန်တော့်မျက်စိရှေ့ရောက်လာတာကတော့ Hotel Royal ဆိုတဲ့ဂျပန်ကားလေးပါ။ Rating က 5.6 သာရထားပြီး ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း စကားပြောကဖောင်းပွနေတတ်တာမို့ ဒီကားလေးမို့ တစ်ခြားလေးတွေထက် နောက်ဆုံးမှကြည့်မယ်လုပ်ထားခဲ့ပါတယ်။ အမျိုးအစားက Family အမျိုးအစားမလို့ လူ့သရုပ်ဖော်ကိုက၊ မိသားစုချစ်ခြင်းတွေဖက်ကို ဦးစားပေးမယ့်ကားမျိုးလေးလို့တော့ တွေးထားလိုက်ပါတယ်။တကယ်ဒီကားလေးကို ကြည့်ဖြစ်သွားတဲ့အချိန်မှာတော့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲရပါတော့တယ်။ စကားပြောကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေတာမျိုးမရှိသလို၊ မလိုတဲ့အပိုသရုပ်ဆောင်မှုတွေလည်းမတွေ့ရပါဘူး။ ပြောရမယ်ဆို ကျွန်တော် ၃ ခါကျော်ကျော်လောက်ကို မျက်ရည်ဝဲရတဲ့အထိပါပဲ။ ဘာကြောင့် IMDb နည်းနေရလဲကတော့ Lucy လိုရသင့်သလောက် rating ထိမတက်လာတာမျိုးဘဲဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်ရတဲ့အထိပါ။ ဘာသာပြန်ဖို့ကြည့်ကြည့်နေရင်း မျက်ရည်တွေထထဝဲရသလို ဇာတ်ကားကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်မျိုးကြီးကျန်ခဲ့စေတဲ့ ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်လေးပြောရမယ်ဆိုရင် မီဆာယိုဆိုတဲ့ ကောင်မလေးဟာ Hotel Royal ဆိုတဲ့ စုံတွဲတွေလာလာတွဲလေ့ရှိတဲ့ဟိုတယ်ကြီးမှာ ခံစားချက်မဲ့နေတာကနေပဲစ‌တယ်ပေါ့ဗျာ။ ဒီတော့ ဒီကောင်မလေး ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ...
movie

Hotel Royal (2020)

L: change the WorLd(2008) 6.1
L: change the WorLd(2008) Death Note: L Change the World (2008) --------------------------------------- ဒီရုပ်ရှင်ကတော့ သေမင်းတမန်စာအုပ်ရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်.အရှေ့ရုပ်ရှင်နှစ်ခုဖြစ်တဲ့ Deat Noteနဲ့ L is the last nameတို့ရဲ့Spin-out sequelဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ L ရဲ့တကိုယ်တော်စွန့်စားခန်းဖွင့်တာကိုမြင်တွေ့ရမှာပါ....ဇာတ်လမ်းအကျဉ်း --------------- Lတစ်ယောက်ကီရာ့အမှုကို လိုက်နေရင်းထိုင်းနယ်စပ်က သူ့အဖွဲ့ဝင်တစ်ယောက်လွှတ်လိုက်တဲ့ ညဏ်ကြီးရှင်ကလေးတစ်ယောက်ကိုကယ်ဆယ်ခဲ့ရတယ်.အဲ့ဒီကလေးက အဲ့ဒီထိုင်းနယ်စပ်ရွာလေးအပေါ် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှောင်ခိုဂိုဏ်းတခုရဲ့ ရက်စက်တဲ့အမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပေါ့...ဒီထဲမှာ Lရင်ဆိုင်ရမှာကတော့ သူတို့ရဲ့အဖွဲ့ထဲကအဖွဲ့ဝင််ဖြစ်တဲ့ Kဆိုတဲ့ ညဏ်ကြီးရှင်မိန်းမတစ်ယောက်ပါပဲ...ပညာလွန်သော်ကောက်ကျစ်ရာ၏ဆိုသလို အစွန်းရောက်သွားတဲ့မိန်းမတစ်ယောက်ပါပဲ...ဒီပွဲမှာရော Lတစ်ယောက် အနိုင်ရမှာလားသူဘာတွေစတေးရခဲ့လဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါခင်ဗျာ  File size…2.1Gb / 1.2Gb Quality…1080p Blu Ray 5.1CH / 720p Format…Mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung Tay Za   
movie

L: change the WorLd(2008)

2008