Channel Myanmar

Bora Akkaş

Have You Ever Seen Fireflies? (2021) 6.2
Have You Ever Seen Fireflies? (2021)  IMDb 6.2/10ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ရေးသားခဲ့တဲ့ ပြဇာတ်ကို ပြန်လည်ဖန်တီးရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ကလည်း စတင်ဖျော်ဖြေခဲ့တဲ့ ၁၉၉၉ ခုနှစ်ဇန်နဝါရီလ ကနေ ၁၉၉၉ ခုနှစ်မေလအထိ လေးလအတွင်း ၉၇ ကြိမ်တိတိပြန်လည်ဖျော်ဖြေခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ် ။“ ဒီနိုင်ငံမှာက ထက်မြက်တဲ့သူတွေ အပြစ်ပေးခံရတတ်တယ်တဲ့ “ ဂူဆယ်ရန်ရဲ့အဖေက ဆယ်ကျော်သက်အရွယ် ဂူဆယ်ရန်လေးကို ပြောခဲ့တဲ့စကားပါ ။ပိုးစုန်းကြူးလေးတွေအကြောင်း စိတ်ဝင်စားတဲ့ ဂူဆယ်ရန်က ခြောက်လအရွယ်မှာစကားစပြောတတ် ၊ နှစ်နှစ်အရွယ်မှာ စာဖတ်တတ်ပြီး အသက်ကြီးလာတော့လည်းဘယ်လိုဂဏန်းလေးလုံးပါတဲ့ ကိန်းမျိုးကိုမဆို စိတ်နဲ့မြှောက်နိုင်တဲ့အထိ ဉာဏ်ထက်တဲ့မိန်းကလေးတစ်ယောက်ပါ ။ ၁၉၇၀ ပြည့်နှစ်ကျော် တူရကီနိုင်ငံရဲ့ အစိုးရအပြောင်းအလဲနဲ့နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဂူဆယ်ရန်တစ်ယောက် ဘယ်လိုဆက်ရှင်သန်မလဲ ။ကမောက်ကမဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ အချစ် ၊ အလွမ်း ရသမျိုးစုံကိုသာလွန်ဉာဏ်ရည်မျိုးရှိတဲ့ ဂူဆယ်ရန်ရဲ့ ရှုထောင့်ကနေ ရင့်နင်ဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။  File size…1.76GB / 848MB Quality…NF WEB-DL ...
movie

Have You Ever Seen Fireflies? (2021)

10 Days of a Bad Man (2023) 6.1
10 Days of a Bad Man (2023)  ဒီ "10 Days of a Bad Man" ဆိုတဲ့ Turkish Netflix ဇာတ်ကားထဲမှာဆာဒစ်ခေါ် အာဒေးလ်ဆိုသူ လူတစ်ယောက်ရဲ့ ဆယ်ရက်တာခရီးကြမ်းတစ်ခုကိုDrama Thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဆာဒစ်ဆိုတဲ့သူတစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး သေကံမရောက်သက်မပျောက်ခဲ့ပေမယ့် အဲ့ကားကလူဆိုးဂိုဏ်းတစ်ခုရဲ့ကားဖြစ်နေတော့ပြန်လျော်ဖို့ကလည်းပိုက်ဆံမရှိ။ ဒီတော့သူတို့ခိုင်းတဲ့အတိုင်း အလုပ်တစ်ခုလုပ်ပေးရယ်ဆိုပြီး သဘောတူခဲ့ရတယ်။ အဲ့လိုလုပ်ပေးရင်းနဲ့ တစ်ခြားဘက်မှာလည်း လူသတ်မှုတစ်ခုအတွက် သူ့ကိုလိုက်ပေးဖို့ အသိမိတ်ဆွေတစ်ယောက်က ပြောလို့လက်ခံပေးလိုက်ရတယ်။ တစ်ဖက်ကသူ့ကိုခိုင်းထားတဲ့အလုပ်ရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေရှိပြီးတော့ သပွတ်အူလိုရှုပ်နေတဲ့အမှုကို ဆယ်ရက်အတွင်း ဘယ်လိုပြီးပြတ်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားကြပါလို့ ပြောကြားရင်း....  File size…1.06 GB/ 768MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 3m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZZA
movie

10 Days of a Bad Man (2023)

Love Tactics 2 (2022) 4.8
Love Tactics 2 (2022) Love Tactics 2 (2022) ================ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။  သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်)File Size..........(1.85 GB) / (833 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM
movie

Love Tactics 2 (2022)

2023