Channel Myanmar

Boris Kodjoe

Resident Evil: Afterlife (2010)
Resident Evil: Afterlife (2010) ဒီဇာတ်ကားက REရဲ့စတုတ္ထဇာတ်ကားဖြစ်ပြီး တတိယကားအဆုံး ဇာတ်လမ်းဆင်ခဲ့သလို အဲလစ်နဲ့ သူ့ရဲ့ကိုယ်ပွား​တွေဟာ ဂျပန်မှာ ရှိတဲ့ အမ်ဘရဲလားဌာနကို ဝင်စီးနင်းကား အဲလ်ဘတ်ဝက်စ်ကာကို သတ်ဖို့ ကြိုးစားခဲ့​ပေမဲ့ မ​အောင်မြင်ခဲ့ပုံနဲ့ ဇာတ်ကိုစထားပါတယ်။ အဲဒီ​နောက် ၆လအ​ကြာမှာ တတိယ​မြောက်REဇာတ်ကားမှာ ပါဝင် ခဲ့တဲ့ အလက်စကာက အာ​ကေးဒီးယားဆိုတဲ့ လွတ်​မြောက်ရာ​ဟာ တကယ်မဟုတ်မှန်း သိသွားတဲ့​အခါ အဲလစ်နဲ့ ကလဲရာ ၂ယောက် ရဟတ်ယာဉ်တစ်စီးနဲ့ ​လျှောက်သွား​ရင်း အယ်အေကို​အ​ရောက်မှာ အကူအညီလိုအပ်​နေတဲ့ လူတစ်စုကို သွား​တွေ့ခဲ့ပါတယ်။အဲဒီလူစုကို ဇွန်ဘီ​တွေလက်ကလွတ်​အောင် ကူညီ​ပေးရင်း သူတို့ သိထားတဲ့ အာ​ကေးဒီးယားဆိုတဲ့​ နေရာက အလက်စကာမှာရှိတာ မဟုတ်ဘဲ အယ်​အေနားက သင်္ဘောကြီးတစ်စီး​ပေါ်က ထုတ်လွှင့် ​နေမှန်း သိသွားတဲ့အခါ အဲဒီသင်္ဘောကြီးပေါ် သွားဖို့ ကြိုးစားရပါ ​တော့တယ်။ အဲဒီသင်္ဘော​ပေါ်ကိုရောက်မှ ​အဲလ်ဘတ်ဝက်စ်ကာရဲ့ ​ထောင်​ချောက်ဖြစ်​နေမှန်း သိသွားတဲ့အခါ ဝက်စ်ကာကိုသတ်ပြီး သင်္ဘော​ပေါ်မှာ ဖမ်းခံထားတဲ့လူ​တွေကို ကယ်တင်ရပါ​တော့တယ်။  File size…     3.8 GB / 1.5 GB /   710 MB Quality… BluRay 4K / 1080p / ...
movie

Resident Evil: Afterlife (2010)

4K HEVC
Resident Evil: Retribution (2012)
Resident Evil: Retribution (2012) ဒီဇာတ်ကားက Franchiseရဲ့ ပဥ္စမဇာတ်ကားဖြစ်ပြီး ဂိမ်းထဲမှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ လီယွန်ကို င​​ပေါသာသာ လုပ်ထားလို့ ​မေတ္တာပို့သမှု​တွေ အ​တော်ရလိုက်တဲ့ကားဆိုလည်း မမှားပါဘူး။ စတုတ္ထကားအဆုံးမှာ Brainwashခံထားရတဲ့ ​ဂျေးလ် ဖမ်းဆီး တာကို ခံလိုက်ရတဲ့ အဲလစ်ဟာ အမ်ဘရဲလားရဲ့ zombie ကပ် သရုပ်​ဖော်ဌာနထဲမှာ ဖမ်းချုပ်ခံထားခဲ့ရပါတယ်။အဲဒီ​မြေ​အောက်စမ်းသပ်ခန်းက​နေ သူ့ကိုလာကယ်မယ့်လူ​တွေနဲ့ ဆုံမှတ်​ကိုသွားဖို့ ကြိုးစားရင်း ဂျပန်၊ ​မော်စကို၊ နယူး​ယောက်လို ဇွန်ဘီကပ်​ဘေးကို သရုပ်ပြဖို့ ဖန်တီးထားတဲ့ မြို့အတု​တွေထဲမှာ ဇွန်ဘီအစစ်​တွေကိုကျော်နိုင်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒီအပြင် Brainwashခံထားရတဲ့ ​ဂျေးလ်ဗယ်လင်တိုင်းကလည်း အဲလစ် မလွတ်​​မြောက်ရေး အ​သေအ​​ကြေ လိုက်လံတားဆီးတဲ့အတွက် သူနဲ့ပါ ထိပ်တိုက်​တွေ့ရဖို့ ဖြစ်လာပါ​တော့တယ်။  File size…    3.8 GB / 1.4 GB /  687  MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 36m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Resident Evil: Retribution (2012)

4K HEVC
Alice Upside Down (2007) 5.2
Alice Upside Down (2007) Alice Upside Down (2007) ====================ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့ Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါ တယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High School Musical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့... အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်က မိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့ အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သ လို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေ ယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ် ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ် မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိ‌သလောက်ပါပဲ။ ပိုဆိုးတာက ကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက် တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ် စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ ...
movie

Alice Upside Down (2007)

2007
Starship Troopers 3: Marauder (2008) 5.0
Starship Troopers 3: Marauder (2008) 2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေကစစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာသူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာကစစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့ကဌာနချုပ်ကိုပြန်သွားကြပါတယ်...ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီးကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကိုကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား...ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင် File size…  2.4 GB /  1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni
movie

Starship Troopers 3: Marauder (2008)

2008
[18+]Addicted(2014) 6.7
[18+]Addicted(2014) [18+]Addicted(2014)*******************ဇိုဝီရဲ့ဘဝမှာ အများအမြင်မှာတော့ တကယ့်ကို ပြီးပြည့်စုံနေလွန်းလှပါတယ်။ကိုယ်တိုင်က အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်ဖြစ်သလို ဗိသုကာပညာရှင် ခင်ပွန်းဖြစ်သူနဲ့ကလည်း သိပ်ကိုချစ်ကြတဲ့ ငယ်လင်ငယ်မယားတွေပါ။ ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ဒါပေမဲ့ ဇိုဝီ့မှာ sex ကို စွဲလန်းလွန်းနေတဲ့စိတ်ရောဂါရှိနေပြီး ခင်ပွန်းဖြစ်သူနဲ့တင် သူ့လိုအင်ဆန္ဒတွေ မပြည့်ဝဘဲအပြင်မှာ အပျော်ရှာမိရာက သူ့မိသားစုဘဝကိုပါ ထိခိုက်လာတဲ့အခါမှာတော့…သူ့ရဲ့ dark side ကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာ…မိသားစုနဲ့အတူမကြည့်သင့်သောအခန်းများပါဝင်ပါကြောင်း သတိပေးပါရစေ.. File Size :(2GB)(743MB) and (170 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:46:00 Genre : Drama, Romance,Adult, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD
movie

[18+]Addicted(2014)

Surrogates (2009) 6.3
Surrogates (2009) Surrogates (2009)===============IMDb Rating - 6.3/10#Unicodeအနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါအစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်းချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလိုပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကိုလူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်းမလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ်သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို ...
movie

Surrogates (2009)

2009
Ferdinand (2017) 6.7
Ferdinand (2017) Ferdinand (2017) IMDb - 6.7/10_____Rotten - 71%    ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီး သူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။ အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲ ပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက် အရွယ်အစား ကြီးမား တောင့်တင်းတာမို့ တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။     နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီး မျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက် အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး ပျက်သုဉ်းခဲ့ရပါတယ်။ နွားရိုင်းနဲ့ အလှပြကစားရာ ...
movie

Ferdinand (2017)

2017