Channel Myanmar

Boris Ler

In the Land of Blood and Honey (2011)
In the Land of Blood and Honey (2011)  ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး)File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre...Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

In the Land of Blood and Honey (2011)

Quo vadis, Aida?(2020) 7.9
Quo vadis, Aida?(2020) Quo Vadis, Aida ?(2021) =================== IMDb Rating. = 7.9/10 Rotten Tomatoes = 100%July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ...
movie

Quo vadis, Aida?(2020)

2020