Channel Myanmar

Bourke Floyd

Wanted Man (2024)
Wanted Man (2024) 2024 ရဲ့နှစ်ဦးပိုင်းမှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်မင်းသားကြီး Dolph Lundgren အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာလည်း လုပ်ထားပါသေးတယ် မင်းသမီးချောလေး Christina Villa တို့ မင်းသားကြီး Kelsey Grammer တို့ကလည်း ပါဝင်အားဖြည့်ထားကြသေးတယ်ဆိုတော့......ဇာတ်လမ်းလေးကတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တစ်နေရာမှာ တရားမဝင် လူ/ဆေး ကုန်ကူးသမားတွေကို အသွင်ယူပြီးလိုက်နေတဲ့ DEA အေ့ဂျင့်နှစ်ယောက်အသတ်ခံလိုက်ရတာကစတာပဲ မျက်မြင်သက်သေတွေဖြစ်ကြတဲ့ အပျော်မယ်နှစ်ယောက်က အဲဒီဖြစ်ရပ်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် ဂျိုဟန်ဆန် ဆိုတဲ့ ဝါရင့်ရဲစုံထောက်ကြီးကို အဲဒီမျက်မြင်သက်သေနှစ်ယောက်ကို မက္ကဆီကိုကနေ အမေရိကန်ဘက်ကို တရားခံပြောင်းရွေ့ဖို့တာဝန်ပေးခံရတာကနေ.......ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုင်ရမလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေတာလဲ..... ဆိုတာတွေကိုတော့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(597 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo 
movie

Wanted Man (2024)

Love in Zion National: A National Park Romance(2023) 6.4
Love in Zion National: A National Park Romance(2023) Love in Zion National: A National Park Romance(2023)***************************************************ဇိုင်ယွန်အမျိုးဥယျာဉ်က အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်၊ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်ဗာသဘာဝသမိုင်းပြတိုက်ကို ရှေးဟောင်းပစ္စည်း စုဆောင်းသူ မစ္စဟိုလင်းစတန်းဟာ ဆန်နာဆာဇီမှာတွေ့ခဲ့တဲ့ရှေးဟောင်းအိုးသုံးခုနဲ့အတူ သူခရီးသွားမှတ်တမ်းဂျာနယ်ကို သူ့ဘဝနောက်ဆုံးဆန္ဒအတိုင်း လှူဒါန်းခဲ့ပါတယ်။ဒါပေမယ့် တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဖြစ်တဲ့အတွက် တူမြေးဖြစ်သူ ဂရေဒီဟာ ပြန်လိုချင်နေပါတယ်၊ ပြတိုက်တာဝန်ခံမှူးဖြစ်တဲ့ လော်ရန်ဟာ ဒီအိုးတွေ သုတေသနလုပ်ကြည့်ခဲ့တဲ့အခါ တစ်ခုခုမှားယွင်းနေတာကိုသိလိုက်ရတယ်၊ အကြောင်းက အိုးသုံးခုမဟုတ်ဘဲလေးခုဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါ။ထင်မှတ်မထားတဲ့နောက်ခံရာဇဝင်အကြောင်းကိုသိလာတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.... File Size : (1.7GB) and (804MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Love in Zion National: A National Park Romance(2023)

The Locksmith (2023)
The Locksmith (2023)   The Locksmith (2023) ဒီဇာတ်ကားရဲ့ ဇာတ်ဆောင် Miller ဟာ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ သော့ပြင်သမားတစ်ယောက်ပါ။ အဲလိုပါရမီနဲ့ Miller ဟာ ဒုတိယဘုရားသခင်ဖြစ်တဲ့ ငွေကို ကိုးကွယ်ပြီး အကျင့်ပျက်ရဲတစ်ယောက်နဲ့ပေါင်း၊ ဖောက်ထွင်းမှုကျူးလွန်ရာမှ အဲရဲသစ္စာဖောက်တာကိုခံရပြီး သူ့အခင်ဆုံးသူငယ်ချင်းကိုရော လွတ်လပ်တဲ့ဘဝကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ အဲလိုနဲ့ ထောင်ကပြန်ထွက်လာတဲ့အခါမှာတော့ သူဘဝသစ်ပြန်စပြီး သူ့ဇနီးဟောင်းနဲ့ သမီးအပေါ် ပျက်ကွက်ခဲ့တာတွေကို ပြန်ပေးဆပ်မယ်ဆိုတဲ့ စိတ်ကူးပဲရှိတဲ့ Miller ကို သူ့ကြောင့်သေသွားရတဲ့ သူငယ်ချင်းရဲ့ညီမက သူ့အစ်ကိုအတွက်ပြန်ပေးဆပ်ချင်ရင် သူ့ရဲ့စောရပညာနဲ့ သူ့ကို ဒုက္ခတွင်းက ကယ်ထုတ်ပေးဖို့ ပြောလာတဲ့အခါမှာ Miller တစ်ယောက် ဒုစရိုက်မှုတွေ ပြန်ကျူးလွန်ဦးမလားဆိုတာ ဒီဇာတ်လမ်းမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်File size…(2.78GB)  / (1.26GB) /698MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Action / mystery / Thriller Subtitle….Myanmar ...
movie

The Locksmith (2023)

Breaking (2022) 6.3
Breaking (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ ...
movie

Breaking (2022)

Alien Sniperess (2022) 2.6
Alien Sniperess (2022) Alien Sniperess (2022)နာမည်ကတော့ဂျွတ်ဆင်ဗျ။ ဂြိုဟ်သားကားလိုလိုဘာလိုလို။ တကယ်လည်းဂြိုဟ်သားကားဟုတ်ပါတယ်။ ဂြိုဟ်သားတစ်ကောင်မှမပါတာလေးကလွဲရင်ပေါ့။ ဂြိုဟ်သားမပါတဲ့ဂြိုဟ်သားကားဆိုပေမယ့်လည်းဇာတ်လမ်းကတော့ ရှယ်မိုက်ပါတယ်။ နေထူးနိုင်ကားတွေလောက်ကိုမိုက်တာပါ။ အရမ်းကြည့်ချင်သွားပြီမလား။ဇာတ်လမ်းအကျဥ်းကတော့ တစ်ညမှာကမ္ဘာပေါ်ကိုဥက္ကာပျံတွေကြယ်ကြွေသလိုကြွေရင်းအဲဒီဥက္ကာပျံအပိုင်းအစတွေထဲမှာ လူတွေဆီဝင်ပူးပြီး သတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်လာအောင်လှုံ့ဆော်တဲ့ Virus တစ်မျိုးပါလာပါတယ်။ အဲဒီ ဂြိုဟ်သား Virus ကိုသတ်နိုင်တာကတော့ 5G ထက်မြန်တဲ့ KG ဖုန်းလိုင်းပါတဲ့ခင်ဗျာ။နီကိုးလပ်စ်ကေ့ချ်ရိုက်တဲ့ပေါကားတွေတောင်ဒီလောက်မပေါနိုင်တော့ပါဘူး။ မကောင်းတာတွေခဏထားပြီး ကောင်းကွက်လေးတွေပြောရရင်တော့ ဗီလိန်တွေကြမ်းလို့ဇာတ်အရမ်းနာပြီးလောင်နေရတာမကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ Adventure လည်းဆန်တာမျိုးကိုကြိုက်တတ်တဲ့သူတွေဆိုရင် အားလပ်ရက်မှာအပျင်းပြေကြည့်ဖို့တော့အဆင်ပြေပါတယ်။ ခုနကပြောခဲ့တဲ့အညွှန်းကလည်းအကုန်မဟုတ်ပဲအပေါ်ယံပဲပြောပြထားတာမို့ ကိုယ်တိုင်ကြည့်ရှုရမယ့် plot တွေအများကြီးကျန်ပါသေးတယ်။ ကျွန်တော့်အမြင်မှာပေါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အမြင်မတူနိုင်တာကြောင့် ကိုယ်တိုင်လည်းကြည့်ရှုပေးကြပါဦး။IMDb Rating (2.6) ထိ ရရှိထားတာဆိုတော့ အလန်းပေါ့ဗျာ။ အကောင်းဆုံးအချက်ကတော့ ရုပ်ထွက်တွေကြည်တောက်နေတာပါပဲ။ File size…(2.6 GB)/(1.1 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo
movie

Alien Sniperess (2022)