Channel Myanmar

Bradley Hall

Spider (2002) 6.8
Spider (2002)  ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်စိတ်ရောဂါဝေဒနာရှင်များကို စောင့်ရှောက်ထားတဲ့ဂေဟာတစ်ခုကို ကလက်ခ်တစ်ယောက်ရရှိလာပါတယ်။ ကလက်ခ် မိခင်ဖြစ်သူ သေဆုံးသွားရခြင်းမှာ ဖခင်ဖြစ်သူက အပျော်မယ်တစ်ယောက်နဲ့ဖောက်ပြန်​ကာ မိခင်ကိုသတ်ခဲ့သည်ဟု တထစ်ချယုံကြည်ထားသူတစ်ယောက်ဖြစ်ပါတယ်။အဲဒီဂေဟာမှာ ကလက်ခ်နေ နေတုန်း ငယ်ဘဝက မိခင်ဖြစ်သူနဲ့ဖခင်တို့ အဆင်မပြေမှုတွေ ၊ငယ်ငယ်က သူ၏မိခင်ပြောခဲ့သောစကားတွေ ၊ဖခင်ဖြစ်သူ သွားနေကျအရက်ဆိုင် စသည်ဖြင့်အဖြစ်အပျက်တစ်ခုချင်းကို ပြန်မြင်ယောင်ရင်း ငယ်စဉ်က မိခင်သေဆုံးသွားမှုရဲ့အကြောင်းအရင်းကို ရှာဖို့ကြိုးစားပါတော့တယ်။ သူသိထားတာတွေက အဖြစ်မှန်တွေဖြစ်မလား စိတ်ရောဂါကြောင့်ပဲဖြစ်မလား စသည်ဖြင့် မရေရာမှုတွေနဲ့စောင့်ကြည့်ရမဲ့ စိတ္တဇဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(850 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:38:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Spider (2002)

Far from the Madding Crowd (2015) 7.1
Far from the Madding Crowd (2015) Far from the Madding Crowd (2015) =========================== IMDb Rating - 7.1/10"ငါ့ကို လက်ထပ်နိုင်မလား" ဘဝမှာ မှီခိုစရာယောကျာ်းတစ်ယောက်မလိုအပ်ဘူးလို့ ခံယူထားတဲ့ အမျိုးသမီးငယ်တစ်ယောက် ပထမဆုံးကြားဖူးတဲ့စကားပါပဲ။ သူမဟာ ဒီတောင်းဆိုမှုပြုသူကို သဘောကျနေသယောင်ရှိပေမယ့် ဒီကိစ္စမျိုး သူ့မှာ တွေးတောထားတာမျိုးမရှိခဲ့ပါ။ အမျိုးသားတွေက ငွေကြေး၊ ဥစ္စာ တွေနဲ့ သူ့မအချစ်ကိုတောင်းဆိုတဲ့အခါ သူမ အသာအယာပဲ ပြုံး နေလိုက်ပါတယ်။ သူမစိတ်ထဲမှာ ဒီလိုတောင်းဆိုသူအမျိုးသားတွေကို အထင်သေးနေခဲ့ပါတယ်။ သူမဟာ အချစ်ဆိုတာကို အမျိုးသားတွေ နားလည်တဲ့စကားလုံးတွေရဲ့ ဘောင်အပြင်ဘက်က သန့်ရှင်းခမ်းနားတဲ့ အရာလို့ ယူဆထားသူပါ။ဒီ Far From The Madding Crowd ဇာလမ်းဟာ စာရေးဆရာကြီး Thomas Hardy ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူး ထားတာပါ။ ဒါရိုက်တာ Thomas Vinterberg က စီစဥ်ရိုက်ကူးထား တာဖြစ်ပြီး winner ဆုနှစ်နဲ့ တင်သွင်းခြင်းခံရတဲ့ အရေအတွက်အမြောက် အများရှိပါတယ်။ IMDB rating 7.1 ရရှိထားပါတယ်။ တော်တော်လေး ပြည့်စုံတဲ့ drama ကားလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Far from the Madding Crowd (2015)

2015
Dunkirk (2017) 7.9
Dunkirk (2017) Dunkirk (2017) IMDb - 7.9/10_____Rotten - 93% Won 3 Oscars. Another 64 wins & 229 nominations  ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ...
movie

Dunkirk (2017)

2017