Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brandon Duracher
5.4
Suburbicon (2017)
ဆက်ပ်ပါဘေကွန်ဆိုတာကတော့ အလွန်ငြိမ်းချမ်းပြီးတော့၊မြို့ကြီးပြကြီးတွေလိုကားသံယာဉ်သံတွေနဲ့ရှုပ်ထွေးကြပ်ညှပ်နေခြင်းမရှိတဲ့ တောမကျမြို့မကျနေရာလေးတစ်ခုပဲဖစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ၁၉၄၀-၅ဝဝန်းကျင်တွေလောက်ကကြီးထွားခဲ့တဲ့ လူဖြူလူမည်းခွဲခြားရေးပြဿ နာပေါ်မူတည်ပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။အဆိုပါ ဆက်ပ်ပါဘေကွန်ဟာတော့ လူဖြူအများစုသာနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။တနေ့မှာတော့ လူမည်းမိသားစုဖြစ်တဲ့ မေယာတို့မိသားစုဟာအဆိုပါဒေသကိုပြောင်းရွေ့လာတဲ့အခါမှာတော့လူဖြူတွေကအပြင်းအထန်ကန့်ကွက်ကြပြီး လူမည်းမိသားစုကိုဆက်ပ်ပါဘေကွန်ကထွက်ခွာသွားအောင် နည်းအမျိုးမျိုးနဲ့လုပ်ဆောင်ပါတော့တယ်။သို့ပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဲ့ဒီလူမည်းမိသားစုဟာ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေမဟုတ်ဘဲနဲ့သူတို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ လောချ့်မိသားစုကအဓိကဇာတ်ဆောင်ဖြစ်နေပါတယ်။ မစ္စတာလော့ခ်ဟာအောက်ပိုင်းမသန်တော့တဲ့ သူ့ဇနီးဖြစ်သူရယ် သူ့ရဲ့တစ်ဦးတည်းသောသားကလေးရယ်၊ ခယ်မဖြစ်သူတို့နဲ့အတူနေပါတယ်။တစ်ညမှာ မစ္စတာလော့ချ်တို့မိသားစုမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး မသန်စွမ်းတဲ့ဇနီးသည်ရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။အဆိုပါ အကြမ်းဖက်မှုမှာ မစ္စတာလော့ချ်ကိုယ်တိုင်ပါဝင်ပက်နေတာဖြစ်ပါတယ်။ဘာကြောင့်မစ္စတာလော့်ချ်က ဒီလိုမျိုးလုပ်ရတယ်၊ အဲ့ဒီကနေပြဿ နာတွေကြီးထွားလာပြီးဘာဆက်ဖြစ်မယ်၊ ဘယ်လိုအလိမ်တွေပေါ်ကုန်မလဲ၊ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကိုတော့ ဇာတ်လမ်းကလေးမှာဆက်လက်ကြည့်ရှု့လိုက်ပါ။ဒီဇာတ်လမ်းကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းလေးဟာ ကြည့်ပြီးသွားရင် ဘာမှမရလိုက်တဲ့ပေါကားဇတ်လမ်းမျိုးမဟုတ်ပါဘူး။ကြည့်ပြီးတာနဲ့ တစိမ့်စိမ့်နဲ့စဉ်းစားစရာတွေချန်ထားခဲ့မယ်ဇာတ်ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ချ်ကတော့ လူတွေရဲ့အပြင်ပန်းအသွင်အပြင်နဲ့အသားအရောင်တွေကိုကြည့်ပြီးတော့ လူမျိုးရေးခွဲခြားနေတာဟာ လုံးဝမဖြစ်သင့်ကြောင်းပြသသွားတာပါ။လူမည်းဖြစ်ပေမယ့်စိတ်ထားဖြူစင်တဲ့ မိသားစုကိုတော့လူတွေကပစ်ပယ်ကြပြီး၊ လူဖြူ ဖြစ်ပြီး စိတ်ဓာတ်ညစ်နွမ်းတဲ့မိသားစုကိုတော့ သနားနေကြတဲ့ပုံကိုပညာသားပါပါလေးတင်ပြသွားတာပါ။ကြည့်ပြီးရင်မိမိအတွက်တစ်ခုခုပြန်ရလိုက်မယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time ...
movie
Suburbicon (2017)
2017
7.9
Dunkirk (2017)
Dunkirk (2017) IMDb - 7.9/10_____Rotten - 93% Won 3 Oscars. Another 64 wins & 229 nominations ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ...
movie
Dunkirk (2017)
2017