Channel Myanmar

Bret Eric Porter

The Standoff at Sparrow Creek (2018) 6.1
The Standoff at Sparrow Creek (2018)  ဂန်နွန်ဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့လက်နက်ကိုင်ပြည်သူ့စစ်ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်နေတာပေါ့...။ဒီအဖွဲ့က ရဲတွေနဲ့လည်း သိပ်မတည့်သလို လက်နက်တိုက်တစ်ခု ပိုင်ဆိုင်တဲ့အဖွဲ့ပါ...။တစ်နေ့ကျတော့ သူတို့ရဲ့စခန်းနားက အသုဘတစ်ခုမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပါတယ်...။အသုဘက ရဲတွေရဲ့အသုဘ...။ပစ်ခတ်သွားတဲ့သူက မောင်းပြန်သေနတ်တွေ၊ ဗုံးတွေနဲ့ ပစ္စည်းအစုံသုံးသွားတာ....။ဒီတော့ ဂန်နွန်တို့အဖွဲ့လည်း ဒီပစ်ခတ်မှုက သူတို့နဲ့ ဆိုင်မဆိုင်၊ သူတို့လူလုပ်တာဟုတ်မဟုတ်ဖြေရှင်းဖို့ စခန်းမှာ လူစုကြလေရော....။ဖြစ်ချင်တော့ သူတို့လက်နက်တိုက်ထဲက မောင်းပြန်သေနတ်တစ်လက်နဲ့ပစ္စည်းတချို့ပျောက်နေပါလေရော...။ဒီကိစ္စကို ဂန်နွန်တို့ဘယ်လိုရှင်းမလဲ၊ လက်သည်က သူတို့အဖွဲ့ထဲကလားဆိုတာကိုစစ်ကြမေးကြရင်းနဲ့ Thrillerဆန်ဆန်ကြည့်ရှုရမယ့် crime movieလေးဖြစ်ပါတယ်....။ File size…1.11GB/ 245MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Standoff at Sparrow Creek (2018)

The Guilty (2021) 6.1
The Guilty (2021) The Guilty (2021)စောင့်​မျှော်​နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားက​​တော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါသူ့နာမည်က ဂျိုး​ဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်​ပေမယ့် အတိတ်ကအ​ကြောင်းတစ်ခု​ကြောင့် ၉၁၁- အ​ရေး​ပေါ်ဌာနကို ရာထူးချခံထားရသူအ​ရေး​ပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ​ကြောင်သစ်ပင်​ပေါ်တက်တာကအစ သဘာဝ​ဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်​ဖြေပေးရတဲ့​နေရာဆို​​တော့ဂျိုးတစ်​ယောက် ​သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ​ပေါင်းသင်းဆက်ဆံ​​ရေးကလည်းညံ့​တော့ အ​တော်ဘုကလန့်ကျ​နေတာ​ပေါ့၊ ဒီကြားထဲ အိမ်​ထောင်​ရေးကလည်း အဆင်မ​ပြေ​တော့ တစ်ပူ​ပေါ်နှစ်ပူဆင့် ဖြစ်​နေတာ​ပေါ့တစ်ရက် LAမှာ မီးအကြီးအကျယ်​လောင်မှု​ကြောင့် အ​ရေး​ပေါ်ဌာနတစ်ခုလုံး ဗျာများ​နေချိန် ဂျိုးဆီကို ဖုန်းတစ်​ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စ​ခေါ်​​​တော့ လူဂွစာကြီးဂျိုး ​ထောင်းခနဲ​ဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များ​နေချိန် မျက်နှာ​ပြောင်ပြီး ဖုန်းဆက်တာပဲ​​ပေါ့ဒါ​​ပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်​နေတယ်၊ ငိုသံပါ​နေတယ်၊ ​ကြောက်လန့်​နေတယ်၊ ​ နောက်​ပြောင်ပြီး​ခေါ်တဲ့ဖုန်းမဟုတ်ဘူး။ဂျိုးလည်းစဉ်းစားရပြီ၊သူ့ကိုဘာလို့ Sweetyလို့​ခေါ်ရတာလဲ? ဘာလို့ ဖုန်း​​ပြောတဲ့အသံက ထူးဆန်း​နေတာလဲ?စသဖြင့် ​မေးခွန်း​တွေ​မေး၊ စကား​တွေ​ပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမ​နေမှန်းသိသွားတဲ့အခါ....အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံ​နေရတဲ့ကိစ္စက ...
movie

The Guilty (2021)

2021