Channel Myanmar

Brett Bietz

The One I Love (2014) 7.0
The One I Love (2014) အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ‌ဆက်ဆံရေးတွေခြောက်ကပ်လာတာအဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့အီသန်နဲ့ဆိုဖီဟာ ထိုပြဿနာကိုကြုံနေရပါတယ်။နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်‌‌ရေးက ‌အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကိုပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာအိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။အဲ့တာ‌နဲ့ပဲအကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေလင်မယားတွေက ဘယ်လောက်ပြန် အဆင်ပြေသွားကြောင်းပြောပြတဲ့အခါအီသန်တို့လဲ သွားနေဖို့ ဆုံးဖြတ်လိုက်ကြတာ‌ပေါ့။ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲဆိုတာကိုThriller ဆန်ဆန် Ro-Comedy လေးနှောပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။Genre fusion လေးကတော့တော်တော်လှတယ်ဗျ။IMDB 7.0 နဲ့ ခရမ်းချဥ်သီး ၈၀ရာခိုင်နှုန်းတောင်ရထားတာမလို့ဒီလိုပုံမှန်မြင်တွေ့နေကြနဲ့မတူတဲ့ကားလေးကိုရုပ်ရှင်ချစ်သူများလက်လွှတ်မခံဖို့ပဲအကြံပေးပါရစေဗျာ။ File size…  1  GB /  582MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

The One I Love (2014)

2014