Channel Myanmar

Brian Davis

The Karate Kid (1984) 7.3
The Karate Kid (1984)   '' တပည့်ဆိုးဆိုတာ မရှိဘူး၊ ဆရာဆိုးပဲ ရှိတယ်'' '' တိုက်ခိုက်တာကိုဘာလို့လေ့ကျင့်ရတာလဲ၊ တိုက်ခိုက်ဖို့မလိုအောင်ပေါ့''ဂျက်ကီချန်းရဲ့ Karate Kid ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အဲဒီရုပ်ရှင်ရဲ့ မူရင်းဗားရှင်း ဂန္ဓဝင်ရုပ်ရှင်ကားကြီးကို ပြန်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာ ကရာတေးဆရာကြီး မီယာဂီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Pat Morita ဟာ အကောင်းဆုံးဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ fight scene တွေထက် မှတ်သားစရာ စကားတွေ သင်ခန်းစာယူစရာ အကြောင်းအရာတွေက ပိုပြီး စိတ်ဝင်စားဖို့တောင်ကောင်းပါသေးတယ်။ Action,Drama,Family ရုပ်ရှင်တွေထဲမှာတော့ ကြည့်ကိုကြည့်သင့်တဲ့ ကားပါပဲ။ File size…(2.2 GB)/(1.1 GB)/(500 Mb) Quality….Bluray rip 1080p / 720p / 480p Format…mp4 Duration….02:06:00 Genre...Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

The Karate Kid (1984)

Passing(2021) 6.6
Passing(2021) Passing(2021)ဒီရုပ်ရှင်ဟာ အဖြူအမည်းရုပ်ရှင်တွေရဲ့ခေတ်မှာနေရာယူထားပြီး အဲ့ခေတ်ရုပ်ရှင်တွေရဲ့စတိုင်ရိုက်ထားတာမို့အဖြူအမည်းကာလာနဲ့ Snyder cut လို 4:3 ဘောင်နဲ့ဖြစ်နေမှာပါ။မင်းသမီးကိုတော့ Thor 3ထဲက ဗယ်ကရီအဖြစ်ရင်းနီးကြမှာပါ နယူးယောက်မြို့က လူမည်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဟာသူ့သားအတွက် မွေးနေ့လက်ဆောင်ရှာဝယ်ဖို့လူဖြူတွေနေတဲ့အရပ်ကိုလာရာကနေလူဖြူဟန်ဆောင်နေရင်း လူဖြူမိသားစုရနေတဲ့ငယ်သူငယ်ချင်းဖြစ်သူနဲ့တွေ့လိုက်ရပါတော့တယ်။လျှို့ဝှက်ချက်ကြီးတစ်ခုနဲ့ ကလဲရ်ဟာအိုင်ရင်းရဲ့ဘဝထဲကို ရောက်လာတဲ့အခါအရာရာရှုပ်ထွေးလာပါတော့တယ်။ 1920ပိုင်း နယူးယောက်မြို့က လူမည်းတွေရဲ့လူနေမှုပုံစံတွေ အခက်အခဲတွေကိုအဓိကထားတဲ့ဇာတ်လမ်းဖြစ်ပြီးထူးထူးခြားခြား ရှေးရုပ်ရှင်စတိုင်အတိုင်းပီပီပြင်ပြင်ပုံဖော်ပြထားတာမို့သရုပ်ဆောင်အသားပေးဇာတ်လမ်းနှစ်သက်ရင်တစ်ချိန်က အဖြူအမည်းရုပ်ရှင်တစ်ကားရဲ့အရသာကိုမြည်းစမ်းကြည့်ချင်ရင်လုံးဝလက်လွှတ်မခံဖို့ ပြောလိုက်ပါရစေ  File size…1.6GB / 800MB Quality… 1080p AAC 5.1Ch / 720p  Format…Mp4 Duration….1h 38mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by  Pyi T Nyein
movie

Passing(2021)

2021