Channel Myanmar

Brian Gattas

Under the Silver Lake (2018) 6.8
Under the Silver Lake (2018) Under the Silver Lake (2018)IMDb Rating (6.5)ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ...ဒါပေမယ့် မဟုတ်ပါဘူး။ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးကA24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် ...
movie

Under the Silver Lake (2018)

2018
Jawbreaker (1999)
Jawbreaker (1999)  နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီး အရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါတယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prank လုပ်ကြတာပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကားဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ မတော်တဆလူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ...? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ...? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရော ဘာဆက်ဖြစ်မှာလဲ...? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း ...
movie

Jawbreaker (1999)

The Bling Ring(2013) 7.0
The Bling Ring(2013) The Bling Ring(2013)အညွှန်း**************************မာ့ခ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ဓာတ်ကျမှုတွေနဲ့ကျောင်းအသစ်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်။လူတွေနဲ့ရှောင်ဖယ်နေတတ်လို့ သူငယ်ချင်းမရှိခဲ့ဖူးတဲ့ မာ့ခ်အတွက်ရေဘက်ကာဟာ ပထမဆုံးသူငယ်ချင်းဖြစ်လာခဲ့ရာကနေစလို့ မာ့ခ်ဟာရေဘက်ကာနဲ့ပိုမိုခင်မင်နိုင်ဖို့ ရေဘက်ကာ တောင်းဆိုသမျှကိုလိုက်လျောလာပါတော့တယ်။ အဲဒီလိုက်လျောမှု‌တွေထဲ မာ့ခ်နဲ့ ရေဘက်ကာအပြင် နစ်ကီ၊ခလိုးဝီ၊ ဆမ် စတဲ့သူငယ်ချင်းအုပ်စုတစ်ခုလုံးရဲ့ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့လိုက်လျောမှုတစ်ခုကတော့ နာမည်ကျော်တွေရဲ့အိမ်ကို‌ခိုးဝင်ဖို့ မာ့ခ်ကူညီခဲ့တာပဲဖြစ်ပါတယ်။သာမန်ခေတ်လူငယ်လေးတွေဟာ နာမည်ကျော်မင်းသမီးတွေရဲ့အိမ်ထဲကတန်ဖိုးကြီးပစ္စည်းတွေကို လိုက်လံစပ်စုကြရင်း မသိသာအောင်အနည်းငယ်စီခိုးယူလာခဲ့တဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့File Size : (2 GB) (800 MB) and (268 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:30:00 Genre : Biography, Drama,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Reum Encoded by Phyo Pyae  
movie

The Bling Ring(2013)