Channel Myanmar

Brian Krainson

Hunting Souls (2022)
Hunting Souls (2022)  တစ်ခါတလေ ညဘက်တွေနိုးလာရင် လှုပ်မရသလို၊အော်မရသလို၊ ဘာမှမမြင်ရသလိုခံစားဖူးတယ်မလား...။တစ်ခါတလေကျလည်း ခြေ‌ထောက်ကို တစ်ခုခုလာဆွဲလိုက်သလိုလို၊ လူကပဲပြုတ်ကျသလိုလို လန့်ပြီးနိုးဖူးတယ်မလား...။ဒါတွေဟာဘီလူးစီးတဲ့လက္ခဏာတွေပါပဲ။ဒီဇာတ်လမ်းလေးကလည်း ဘီလူးစီးတဲ့အကြောင်းကိုမြင်တွေ့ရဦးမယ့် ကြောက်စရာမူဗီလေးပါပဲ။ဇာတ်လမ်းအကျဥ်းလေးက မိုက်နဲ့ အန်ဂျီမှာ ဆိုဖီဆိုတဲ့သမီးလေးတစ်ယောက်ရှိတယ်၊ ဒီကလေးလေးဟာညဘက်တစ်ရေးနိုးရင် ‌သူ့အဖေကို လှမ်းလှမ်းခေါ်ပြီးအိပ်မရတဲ့အကြောင်း၊လှုပ်လို့မရတဲ့အကြောင်း၊ သူ့ဆီကိုအမှောင်ထုကလာနေပြီဖြစ်ကြောင်းတွေပြောပါတယ်၊ဒါတင်မကသေးဘဲ ခဏခဏ အဖျားတက်ပြီး မေ့သွားတတ်လို့ဆေးရုံပြေးရတာလဲအကြိမ်ရေမနည်းပါ..။ရောဂါကိုရှာဖွေပေမယ့်လည်း မယ်မယ်ရရမတွေ့ပါဘူး။ဖခင်ဖြစ်သူက မိုက်ကိုယ်တိုင်ကလည်း သမီးလေးအတွက်အတတ်နိုင်ဆုံးပေးဆပ်ပေးနေရသလို သူကိုယ်တိုင်ကလည်းဆန်းကြယ်တဲ့အိပ်မက်ဆိုးတွေပဲတောက်လျှောက်မက်နဲ့နေခဲ့ပါတယ်...။ဒီလိုဖြစ်စဥ်တွေက ဘာလို့ဖြစ်ရတာလဲ၊ ဘယ်သူကပြုစားထားတာလဲ၊ ဘယ်လိုနတ်ဆိုးက ဘီလူးစီးဖို့ကြိုးစားနေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲခံစားလိုက်ပါဗျာ...။ File size…1.22GB / 504MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Hunting Souls (2022)