Channel Myanmar

Brian Le

Everything Everywhere All at Once(2022) 8.7
Everything Everywhere All at Once(2022) Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ ...
movie

Everything Everywhere All at Once(2022)

4K HEVC
Hanuman Shadow Master (2022) 7.3
Hanuman Shadow Master (2022) ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့ အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့ နည်းနည်းတော့ကြောင်ပါတယ်။ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန် ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့ အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့ အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။ File size…1.35GB /600MB Quality… 1080p WEBRIP /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Hanuman Shadow Master (2022)