Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brian McCarthy
7.4
Paterson (2016)
Paterson (2016)============IMDb Rating - 7.4/10#UnicodePatersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်းအသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန်ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူးဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန်ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီးကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။) Quality – 1080p, 720p BluRayDuration - 1hr 49minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, RomanceSource : 1080p. BluRayTranslator – Mya Phyo NandarEncoder – SWM
movie
Paterson (2016)
2016
6.2
Like Father (2018)
Like Father 2018 IMDb 6.1/10 ရေချယ်ဟယ်မစ်တန်က အလုပ်ကြိုးစားလွန်းတဲ့သူတစ်ယောက်ပါခေါင်းထဲမှာအလုပ် အလုပ်ရာထူးတက်ရမယ်ဆိုတာကလွဲလို့ကျန်တာသိပ်မ စဉ်းစားတတ်သူပါ ဘယ်လောက်ထိအလုပ်ကိုဦးစားပေးလွန်းလဲဆိုရင်သူ့မင်္ဂလာပွဲဆင်နွှဲမယ့်နေ့မှာတောင် ဖုန်းတစ်လုံးနဲ့ညွှန်ကြားအလုပ်များနေသူပါသူ့သတို့လောင်းမှာဒီအကြောင်းကိုသိသွားတော့ သည်းမခံနိုင်တော့ပဲမင်္ဂလာပွဲကိုဆက်မလုပ်နိုင်တော့ဘူးဆိုပါလေရော ရေချယ်မသိခဲ့တာကသူ့မင်္ဂလာဆောင်မှာ သူမဖိတ်ခေါ်ထားတဲ့ဧည့် သည်တစ်ယောက်ရောက်နေတာကိုပါပဲတစ်ခြားသူတော့မဟုတ်ပါဘူး သူနဲ့သူ့အမေကို နှစ်ပေါင်းများစွာပစ်ထားခဲ့ပြီးအလုပ်ကိစ္စတွေနဲ့ကမ္ဘာ ပတ်နေတဲ့သူမ အဖေ ဟယ်ရီဟယ်မစ်တန်ပါပဲဟယ်ရီတစ်ယောက်သူ့သမီးမင်္ဂလာဆောင်ကိုတိုးတိုးတိတ်တိတ်တက်ရောက်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကြောင့်ရေချယ်ကလဲသူ့ကိုမြင်သွားသလို သူကလဲသူ့သမီးလေးရဲ့ပျက်စီးသွားတဲ့မင်္ဂလာပွဲလေးကိုစိတ်မကောင်းစွာကြုံတွေ့လိုက်ရပါတယ်ဒီနောက်မှာတော့ ငယ်ငယ်ထဲကပစ်သွားရမလားဆိုပြီးဖခင်အပေါ်စိတ်နာနေတဲ့ ရေချယ်နဲ့ လောလောလတ်လတ်အသည်းကွဲနေတဲ့သမီးကိုနှစ်သိမ့်ပေးချင်တဲ့ ဟယ်ရီတို့၂ယောက်က စုံတွဲတွေအတွက်သီးသန့်ခရီးစဉ်ဖြစ်တဲ့ ဇိမ်ခံသဘောင်္ကြီးပေါ်မူးမူးနဲ့ရောက်သွားကျရောဆိုပါတော့(တကယ်က အဲ့ခရီးစဉ်ကရေချယ်နဲ့သတို့သားအိုဝင်တို့ ဟန်းနီးမွန်းထွက်ဖို့လုပ်ထားတဲ့ခရီးစဉ်ပါ)စုံတွဲတွေ လတ်လတ်ဆတ်ဆတ်လက်ထပ်ထားတဲ့ဇနီးမောင်နှံတွေကြားမတည့်အတူနေသားအဖ၂ယောက်ရောက်သွားတဲ့အခါမှာတော့....Like Fatherက အဖေကိုအထင်လွဲစိတ်နာနေတဲ့သမီးနဲ့အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့ကြိုးစားနေတဲ့ဖခင်တို့ကြားကသံယောဇဉ် ချစ်ခြင်း မေတ္တာတို့အကြောင်းပေါ့ပေါ့ပါးပါးလေးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါဟာသလေးတွေလဲပါသလို မထင်မှတ်ထားတဲ့ဇာတ်လမ်းပုံစံလေးတွေနဲ့သင့်ရဲ့အချိန်ကိုပေါ့ပေါ့ပါးပါးလေးကုန်ဆုံးစေပါလိမ့်မယ်...ဒီရုပ်ရှင်ကားကို Wai Zin မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
Like Father (2018)
2018