Channel Myanmar

Brian Milligan

Bad Day for the Cut (2017) 6.5
Bad Day for the Cut (2017)  Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်,သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတကလာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်းသူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်းဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ..သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်.... File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Bad Day for the Cut (2017)

Leap Year (2010) 6.4
Leap Year (2010) သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့်Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေကကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။အောက်မှာတော့ Ye Hut Khoung Wordpress ကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။+++++++++++++++++++++++LEAP YEAR (2010)◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း ...
movie

Leap Year (2010)

The Boxer (1997) 7.0
The Boxer (1997)  ဒီကားလေးကတော့ ratingလဲကောင်း critics‌တွေလဲအကြိုက်တွေ့ခဲ့တဲ့ Dramaကားကောင်းလေးပါ။ ပါဝင်ထားတာကလဲ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Daniel Day-Lewis နဲ့ Emily Watsonတို့ဖြစ်တဲ့အတွက် ကားကောင်းတစ်ကားဆိုတာသိနိုင်ပါတယ်။နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် ထောင်ထဲမှာ၁၄နှစ်‌နေခဲ့ရပြီး ပြန်ထွက်လာခဲ့တဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီဟာ သူ့ရဲ့အရင်အိပ်မက်ဖြစ်တဲ့ လက်ဝှေ့ပွဲတွေပဲကျင်းပပြီး နေချင်တဲ့သူပါ။ သူအရမ်းချစ်ရတဲ့ ချစ်သူဟောင်းဖြစ်တဲ့ မက်ဂီကိုလဲ ပိုင်ဆိုင်ဖို့ကြိုးစားနေတုန်းပါပဲ။ ဒါပေမဲ့လည်း အတိတ်က ဖြစ်ရပ်တွေရဲ့ ရန်သူဟောင်းတွေက ရန်ငြိုးတွေမပြတ်နိုင်ဘဲ ဒုက္ခ‌တွေပေးဖို့ကြိုးစားလာခဲ့အခါမှာတော့... ထိုဒုက္ခတွေကြားမှာ သူနဲ့ မက်ဂီနဲ့ ဘယ်လိုရုန်းကုန်ရမလဲဆိုတာကို လှလှပပရိုက်ကူးကားတဲ့ Dramaကားကောင်းလေးပါ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

The Boxer (1997)

Hunger(2008) 7.5
Hunger(2008) Hunger(2008)*************ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာနိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာနည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Hunger(2008)