Channel Myanmar

Brian Stollery

Rat Race (2001) 6.5
Rat Race (2001) 90's born တော်တော်များများ ငယ်ငယ်တုန်းကကြည့်ဖူးခဲ့ကြမယ့် Rat Race ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာ တကယ့်ဒိတ်ဒိတ်ကြဲ ဟာသသရုပ်ဆောင်များစွာပါ၀င်ထားပြီးတစ်ကားလုံး မနားတမ်းကို ရယ်နေရတာမို့ စိတ်ပင်ပန်းမပျော်ရွှင်‌နေသူတွေ၊ comedy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်က ကာစီနိုကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နယ်ဆင်ကလဲ ဟာလောင်းကစားလုပ်ဖို့အကြံကြီးကြီးတစ်ခု ရလိုက်ပါတယ်။တိရစ္ဆာန်ပြိုင်ပွဲတွေလောင်းရတာရိုးလာလို့ သူတို့ထက်ပိုပြီးဉာဏ်ကောင်း၊ ကောက်ကျစ်၊ ယုတ်မာနိုင်တဲ့ လူသားတွေကို ပြိုင်ခိုင်းဖို့ပါ။ ဒီအတွက် သူ့ကာစီနိုထဲမှာ ဆန်ကာတင်ရွေးချယ်ဖို့ အကြွေစေ့တွေ ထည့်ထားပေးပြီးသူတို့ထဲကမှ အနိုင်ရရှိသူကို ဒေါ်လာ၂သန်းဆုငွေမက်လုံးပေးထားပါတယ်။ပြိုင်ပွဲ၀င်တွေလည်း အင်မတန်များပြားတဲ့မက်လုံးကြောင့် ပြိုင်ပွဲကို၀င်ပြိုင်ဖြစ်ကြပြီးသူဌေးဒေါ်နယ်နဲ့ သူ့အပေါင်းအပါတွေကတော့အနိုင်ရရှိသူကို ခန့်မှန်းရင်း လောင်းကစားလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုလူလူချင်း ဂုတ်ခွနင်းနဲ့ကိစ္စကြီးဟာ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲ။ပြိုင်ပွဲ၀င်တွေထဲ ဘယ်သူက ဒေါ်လာ၂သန်းပိုင်ဆိုင်သွားမလဲဆိုတာကိုရယ်ရင်းမောရင်းကြည့်ရှုရမှာဖြစ်တာကြောင့်ကြည့်မိလို့ နောင်တမရစေမယ့် old school comedy လေးတစ်ကားလို့ ညွှန်းပေးလိုက်ပါတယ်။  File size…    1.4 GB /  785 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h ...
movie

Rat Race (2001)

2001
Bury My Heart at Wounded Knee (2007) 7.1
Bury My Heart at Wounded Knee (2007) Bury My Heart at Wounded Knee (2007) ============================= IMDb Rating - 7.1/10ဒီဇာတ်လမ်းဟာ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် အမေရိကန်အနောက်ပိုင်းက မူလတိုင်းရင်းသားတွေအကြောင်းရေးသားထားတဲ့ Bury My Heart at Wounded Knee စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။အမေရိကန်တွေ သူတို့ရဲ့ဒေသကိုကျူးကျော်ဝင်ရောက်လာပုံ၊ သူတို့ရဲ့ နဂိုနေရိုးရာဓလေ့ထုံးစံတွေကနေ အမေရိကန်တွေသူတို့အတွက် သတ် မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေမှာ ဘ၀ကိုအခြေချရင်း ခေတ်ပေါ် လူနေမှုဓလေ့ထုံးစံတွေအပေါ်မှာ အသားကျအောင်ပြုပြင်ရင်း ရှင်သန် အောင်ကြိုးစားရပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။မူလတိုင်းရင်းသားတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲနဲ့ခါးသီးမှုတွေကိုစာနာ နားလည်စေသလို တစ်ဖက်စီးနင်း ဝါဒဖြန့်ဆန်ဆန်ပြမထားပဲ သူတို့ကောင်း ကျိုးကိုအမှန်တကယ် ရှေးရှုတဲ့အမေရိကန်တစ်ချို့ဘက်ကိုပါပြသွားခဲ့သလို အဲ့ဒီလူတွေရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံတွေကိုလည်းမီးမောင်းထိုးပြနိုင်ခဲ့ပါ တယ်။ Tv-movie တစ်ခုအဖြစ်အသက်သွင်းခဲ့ပေမယ့် ဆုပေါင်းများစွာရရှိ ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.5 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, Western Translator.......Alias Encoder..........SWM
movie

Bury My Heart at Wounded Knee (2007)

2007