Channel Myanmar

Brianna Cohen

Secret Love Triangle (2023)
Secret Love Triangle (2023) IMDb 6.1 ရရှိထားတဲ့ ၂၀၂၃ထွက် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တစ်ကာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီကာနဲ့ လော်ရီတို့က မြို့ငယ်လေးတစ်ခုမှာ ကိတ်မုန့်ဆိုင်အတူဖွင့်တဲ့ သူငယ်ချင်းနှစ်ဦးပါ။ ဂျက်စီကာမှာ မက်လို့ခေါ်တဲ့ ခင်ပွန်းတစ်ဦးရှိပြီး လော်ရီရဲ့ခင်ပွန်းကတော့ ရောဘတ်ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ရောဘတ်ဟာ အသတ်ခံလိုက်ရပြီး ဂျက်ဆီကာဟာ မတရားစွပ်စွဲခံလိုက်ရပြီး ထောင်ကျသွားပါတယ်။အပြစ်မရှိတဲ့ ဂျက်ဆီကာဟာ ရောဘတ်ကိုသတ်ခဲ့တဲ့သူကို ဖော်ထုတ်ဖို့အတွက် ဆက်လက်ကြိုးစားတဲ့နောက်မှာတော့ ဂျက်ဆီကာ၊ မက် နဲ့ လော်ရီတို့သုံးယောက်ထဲမှာ ရောဘတ်ကို သတ်ခဲ့တဲ့လူသတ်သမားအစစ်က ဘယ်သူများဖြစ်နေမလဲ တရားမျှတမှုကရော ပေါ်ပေါက်လာပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Secret Love Triangle (2023)

My Sister’s Serial Killer Boyfriend (2023) 5.1
My Sister’s Serial Killer Boyfriend (2023) My Sister's Serial Killer Boyfriend (2023) =============================သတင်းထောက်မမမက်ဒီက ကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို ဆောင်းပါး ရေးရဖို့ကြိုးပမ်းနေတဲ့သူပေါ့။ ကွင်းဆက်လူသတ်သမားတွေက စံနှုန်း တစ်ခုထားပြီး လူသတ်ကြတယ်ဆိုတာ ဘော်ဒါတို့လည်းသိကြမှာပါ။ ဖြစ်ချင်တော့ လူတစ်ယောက်က ညီမဖြစ်သူအိုလစ်ဗီယာရဲ့အိမ်ထဲ ဖောက်ထွင်းဝင်လာပြီး အန္တရာယ်ပြုဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ မမမက်ဒီက ကိုယ်ခံပညာတတ်ထားမှရမယ်ဆိုပြီး သင်တန်း သွားတက်ကြတယ်။ကဲ...ဘာပြောကောင်းမလဲ သင်တန်းနည်းပြက ခပ်တောင့်တောင့် ဘဲကြီးဆိုတော့ အိုလစ်ဗီယာတစ်ယောက် မြင်မြင်ချင်းချစ်ကျွမ်းဝင် ရှာတာပေါ့။ ဒါပေမဲ့ မမက်ဒီကလည်း သင်တန်းနည်းပြကို ဟိုလိုလို ဖြစ်နေတော့ ညီအစ်မနှစ်ယောက်နဲ့သင်တန်းနည်းပြကြီးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲ၊ မမနိုင်သွားမလား ညီမလေးနိုင်သွားမ လားဆိုတဲ့ ဒီဇာတ်ကားလေးမှာ ညီအစ်မနှစ်ယောက်ရဲ့အားပြိုင်မှု အပြင် တခြားဘယ်လို​လေး​​တွေထပ်ပါလာဦးမလဲဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (480 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Zwe Win Tun Encoder..........SWM
movie

My Sister’s Serial Killer Boyfriend (2023)

2023
Sisters on the Run (2023) 5.7
Sisters on the Run (2023) Sisters on the Run (2023) ==================ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ား ရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက် လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddy အိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddy က သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။ Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေး ဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းပုံစံ နေတာပေါ့။ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မ Maddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့ Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်း ဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲ တမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့ Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။ Selma သူ့ယောကျ်ားကိုသတ်ပြီး ...
movie

Sisters on the Run (2023)

2023
A Baby at Any Cost (2022) 5.6
A Baby at Any Cost (2022) A Baby at Any Cost (2022) ====================ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် ကလေးမရနိုင်တော့တဲ့ မော်နီကာဆိုတဲ့ ရှေ့နေ့အမျိုးသမီးနဲ့ သူ့ခင်ပွန်းဘရက်တို့ဟာ လီလီ ဆိုတဲ့ အငှားကိုယ်ဝန်ဆောင်မိန်းကလေးကျေးဇူးနဲ့ အိုလစ်ဗီယာဆိုတဲ့ သမီးလေးတစ်ယောက်ရလာခဲ့ပြီး မိသားစုဘဝမှာ အရာအားလုံး ပြီးပြည့်စုံနေခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ သူ့ရဲ့ညီမဖြစ်သူ ဂျန် နဲ့သူ့ခင်ပွန်းတို့ ကွာရှင်းဖို့လုပ် နေပြီး ကလေးအုပ်ထိန်းခွင့်အတွက် ရှေ့နေ့လိုက်ပေးပြီး တရားရင်ဆိုင် နေရတာပေါ့။မော်နီကာက တည်ငြိမ်ပြီး ထက်မြက်သလောက် ညီမဖြစ်သူ ဂျန် ကတော့ အမြဲလိုလို ဒေါသကြီးပြီး သူ့စိတ်သူမထိန်းနိုင်တဲ့ ဆန့်ကျင်ဘက်ညီအစ်မ နှစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ညီမရဲ့အပြုအမူတွေကို သဘော မကျတဲ့ မော်နီကာဟာ သူတို့အတွက် ကလေးထိန်းလုပ်ပေးဖို့ကို ဂျန် ကို မခေါ်တော့ဘဲ အငှားကိုယ်ဝန်ဆောင်မိန်းကလေး လီလီ့ကို ခန့်လိုက်ပါ တော့တယ်။သူ့အစ်မမိသားစုနဲ့ လီလီနဲ့ အဆင်ပြေနေတာကို မြင်ရတဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ခွဲနေရပြီး အိမ်ထောင်ရေးဘဝ မသာယာခဲ့တဲ့ ဂျန် တစ်ယောက် မနာလိုစိတ်နဲ့အတူ ပူလောင်နေတော့တာပေါ့။ဒီလိုနဲ့ပဲ ကလေးနဲ့မိသားစုဘဝကို လိုချင်တဲ့ ဒီမိခင်သုံးယောက်ကြားက လျှို့ဝှက်ချက်တွေနဲ့အတူ ကလေးကိုရဖို့ တစ်ယောက်က စည်းကျော်မိသွားတဲ့အခါတော့ .....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Robin ဖြစ်ပါတယ်)File Size..........(1.74 ...
movie

A Baby at Any Cost (2022)

2022