Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brianna Womick
The Curious Case of Benjamin Button (2008)
အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie
The Curious Case of Benjamin Button (2008)
Alvin and the Chipmunks (2007)
ငယ်ဘဝတုန်းက တိရစ္ဆာန်လေးတွေနဲ့ လူတွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ရုပ်ရှင်တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။အဲဒီတုန်းက 3D effectဘာညာလည်းမသိနားမလည်သေးတဲ့ အရွယ်ဆိုတော့ တိရစ္ဆာန်အစစ်လေးတွေကို သေချာသင်ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့အကြိမ်ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကားတွေထဲမှာ Alvinတို့ရှဉ့်လေးသုံးကောင်ရဲ့ ဇာတ်ကားတွေလည်း အပါအဝင်ပါပဲ။သူတို့ရဲ့ ငမွှေထိုးလုပ်ပုံ၊ ဗရုတ်ကျပုံတွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့သီချင်းတွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို နောက်ပိုင်းမှာနာမည်ကြီးသီချင်းအများစုကို Chipmunks versionလို့ ပြန်ပြီးဖန်တီးလာတဲ့အထိ ဒီရှဉ့်လေးတွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံးအတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunkရှဉ့်လေးသုံးကောင်ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားပါ။မအောင်မြင်တဲ့ တေးရေးဆရာ ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်လေးသုံးကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ဖိအားများနေတဲ့ ဒေ့ဗ်တစ်ယောက် ရှဉ့်လေးတွေနဲ့ စတွေ့ချိန် သူတို့ရဲ့သောင်းကျန်းမှုကို မခံနိုင်လို့ မောင်းထုတ်ခဲ့ပေမဲ့ မထင်မှတ်ဘဲသူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီးနောက်Chipmunkတွေအတွက် ပင်တိုင်သီချင်းရေးပေးသူ ဖြစ်လာပြီးအောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ တေးသံသွင်းပိုင်ရှင်က ဒေ့ဗ်ဆီကနေ ရှဉ့်တွေကိုလုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့ရဲ့ကိုယ်ကျိုးအတွက်ပဲကြည့်ကာ ရှဉ့်လေးတွေကို အသုံးချဖို့ ...
movie
Alvin and the Chipmunks (2007)
2007
7.9
Star Trek (2009)
Star Trek (2009) IMDb - 7.9/10_____Rotten - 94% Won 1 Oscar. Another 24 wins & 93 nominations ခေတ်သစ် Star Trek (တစ်နည်းပြောရရင် ကျွန်တော်တို့ခေတ်ရဲ့Star Trek)J. J. Abrams က 2009 နှစ်စပိုင်းလောက်မှာ Star Trek ရုပ်ရှင်တွေကို ပြန်လည်ဆန်းသစ် ရိုက်ကူးမယ်လို့သိရတော့ ကျွန်တော် စိတ်မဝင်စားခဲ့ဘူး။ ထိုအချိန်လောက်က ကျွန်တော်ဟာ Star Trek fan တစ်ယောက် မဟုတ်ခဲ့သလို J. J. Abrams ကိုလည်း ကြိုက်တဲ့ Directors စာရင်းထဲမှာ မရှိခဲ့လိုပဲ။ အမှန်ကို ဝန်ခံရမယ်ဆိုရင် 2009 တုန်းက ထွက်ရှိခဲ့တဲ့ Star Trek ဇာတ်ကားကို ပထမအကြိမ် ကျွန်တော်ကြည့်ခဲ့စဉ်က မကြိုက်ခဲ့ပေမဲ့ Star Trek into ...
movie
Star Trek (2009)
2009