Channel Myanmar

Brigitte Christensen

The Best Offer(2013) 7.8
The Best Offer(2013) The Best Offer(2013)==================The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကိုတန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီးတန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်းသူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူအမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်းများကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲအချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကိုပေါက်ဖွားလာစေခဲ့ပါတယ်။ Miss ...
movie

The Best Offer(2013)