Channel Myanmar

Brij Bhushan Shukla

Teri Baaton Mein Aisa Uljha Jiya (2024) 7.1
Teri Baaton Mein Aisa Uljha Jiya (2024) Teri Baaton Mein Aisa Uljha Jiya (2024) "ချစ်သူရဲ့ စကားသည်သာ..." IMDb - 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက် အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ...
movie

Teri Baaton Mein Aisa Uljha Jiya (2024)

2024
Bhakshak (2024) 7.3
Bhakshak (2024) Bhakshak (2024) "ဘာ့ခ်ရှာ့ခ်" IMDb - 7.4/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ မှုခင်းဒရာမာရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မိဘမဲ့ဂေဟာတချို့မှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးလေးတွေအပေါ် အနိုင်ကျင့်စော်ကားမှုဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။Toilet: Ek Prem Katha(2017)မှာ အိမ်သာမရှိလို့ လင်တော်မောင်ကိုပစ်ထားခဲ့တဲ့ ဂျာယာနေရာကနေ သဘာ၀ကျကျသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဘူမီးပတ်နေခါ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ဗိုင်ရှာလီက သုံးနှစ်ကြာအောင် သတင်းချန်နယ်တစ်ခုကို တင်ဆက်နေပေမဲ့ ကြည့်ရှုသူမရှိဖြစ်နေပါတယ်။တစ်ရက် သတင်းပေးတစ်ယောက်ဆီက သိလိုက်ရတာ လူမှုရေးစစ်တမ်းအစီရင်ခံစာတစ်ခုမှာ ပြည်နယ်တစ်ခုက အမျိုးသမီးမိဘမဲ့ဂေဟာမှာနေထိုင်တဲ့ အမျိုးသမီးလေးတွေ မတော်မတရားပြုကျင့်ခံနေရတယ်ဆိုတာပါပဲ။ဒီကိစ္စကို အစိုးရကသိပေမဲ့ ရေငုံနှုတ်ပိတ်နေနေတာကြောင့် ဗိုင်ရှာလီတစ်ယောက် လိုက်စုံစမ်းရင်း ရာဇဝတ်မှုအကြီးကြီးကို အစဆွဲထုတ်မိပါတော့တယ်။ဒီမှာပဲ "ဘာ့ခ်ရှာ့ခ်"ဆိုတဲ့ ပရိုဂရမ်နဲ့အတူ ဒီရာဇဝတ်မှုကြီးကို ဖော်ထုတ်တင်ဆက်တဲ့နောက်မှာတော့ မိသားစုအသိုင်းအဝိုင်းအသက်အန္တရာယ်ထိပါ ခြိမ်းခြောက်ခံရ၊ ပါဝင်ပတ်သက်နေသူတွေကလည်း အကောင်ကြီးကြီးအမြှီးရှည်ရှည်တွေဆိုတော့ကာ ဗိုင်ရှာလီတစ်ယောက် အမှန်တရားကို ဘယ်လိုကြိုးစားဖော်ထုတ်သွားမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB  / 647MB  Quality…WEB ...
movie

Bhakshak (2024)

2024