Channel Myanmar

Brionne Davis

Rest Stop: Don’t Look Back (2008) 4.6
Rest Stop: Don’t Look Back (2008) Rest Stop: Don't Look Back (2008) ==========================Rest stop ပထမကားအဖြစ်အပျက်တွေအပြီးတစ်နှစ်အကြာကို အခြေခံထားပါတယ်။ စစ်ပြန်တစ်ဦးဖြစ်တဲ့ဂျက်ဆီရဲ့အစ်ကိုတွမ်ဟာ အားလပ်ရက်ရချိန်မှာ သူ့ညီပျောက်ဆုံးမှုကိုစုံစမ်းဖို့ သူ့ညီနဲ့ နစ်ကိုးလ် တို့သွားရာလမ်းအတိုင်း နောက်ကလိုက်ခဲ့ပါတယ်။သူနဲ့အတူ ချစ်သူ မိန်းကလေး မာရီလင်နဲ့ နစ်ကိုးလ်သူငယ်ချင်းလည်းဖြစ် ကြိတ်ကြိုက် နေတဲ့ငနဲလည်းဖြစ်တဲ့ ဂျဲရ်တို့ပါဝင်ပါတယ်။သူတို့သွားမယ့် အဝေးပြေးလမ်းဟောင်းဆိုတာ မြေပုံပေါ်မှာမရှိတဲ့ အတွက် လမ်းဘေးဆီဆိုင်လေးတစ်ခုမှာ ဆီထည့်ရင်း ဝင်စုံစမ်းကြ ရာကနေ နစ်ကိုးလ်နဲ့ပတ်သက်တဲ့သဲလွန်စတွေနဲ့အတူ အဝေးပြေး လမ်းဟောင်းကိုပါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားကြရင်း နစ် ကိုးလ်နဲ့ ဂျက်စ်တို့ကို ကိုယ်စီပြန်တွေ့ခဲ့ကြရသလို သူတို့ကိုနှိပ်စက် သတ်ဖြတ်ခဲ့သူတွေနဲ့ပါရင်ဆိုင်တိုးမိခဲ့ချိန်မှာတော့..။ပထမကားမှာ မရှင်းခဲ့တဲ့ပဟေဠိတွေကိုပါ ဒီထဲမှာထည့်ရှင်းသွားတာ ကိုတွေ့ရပါလိမ့်မယ်။ RV ပေါ်ကခြောက်ခြားစရာ တရားဟောဆရာ မိသားစု၊ ထရပ်ကားမောင်းသမား သူတို့ကြားက ဆက်နွယ်ပတ်သက် မှုတွေ၊ သူတို့ဘာကြောင့်ဘယ်လို ဒီဘဝကိုရောက်ခဲ့ကြသလဲဆိုတာ တွေကိုပါ တွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.86 GB) / (735 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

Rest Stop: Don’t Look Back (2008)

2008
Moon Garden (2022) 6.2
Moon Garden (2022) Moon Garden (2022)~ IMDb - 6.2/10, Rotten Tomatoes - 86% ~ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဆုတွေအများကြီးရထားပြီး ၅နှစ်အရွယ်ကလေးမလေးရဲ့ အံ့ဩစရာ သရုပ်ဆောင်ကောင်းပုံကို ချီးကျူးရမယ့် Fantasy ကားကောင်းဖြစ်ပါတယ်။အမ်မာဆိုတဲ့ ကလေးမလေး ကိုမာဖြစ်နေတုန်း အိပ်မက်ဆိုးလိုနေရာထဲမှာ အပြန်လမ်းရှာဖွေတဲ့ခရီးစဉ်အနေနဲ့ ပုံဖော်ထားတာပါ။အမ်မာရဲ့ဖခင်က အမြဲအလုပ်များနေပြီး မိခင်နဲ့ဖခင် တစ်ချိန်လုံးအချေအတင်ဖြစ်တာကို ကြုံတွေ့နေရသူလေး အမ်မာဟာ တစ်ညတော့ သူ့အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်စကားများတာကို တွေ့သွားပြီး လှေကားပေါ်က ပြေးဆင်းရာကနေ ချော်ကျပြီး ကိုမာ၀င်သွားပါတယ်။ ကိုမာ၀င်နေတုန်း Wonderland လို ထူးထူးဆန်းဆန်းနေရာမှာ ကြောက်စရာသတ္တဝါတွေလိုမျိုးတွေ့ရပြီး ရေဒီယိုကလာတဲ့သူ့အမေရဲ့ အသံကနေတစ်ဆင့် အိမ်အပြန်လမ်းကို ရှာဖွေရပါတော့တယ်။မိဘတွေမသင့်မြတ်တဲ့ကြား နေရတဲ့ကလေးရဲ့ စိတ်ဒဏ်ရာတွေ ကြောက်ရွံ့မှုတွေကို အမ်မာရဲ့စိတ်ကူးပုံဖော်မှုအတိုင်း စီးမျောခံစားရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 790MB Quality ...
movie

Moon Garden (2022)

2022
Embrace of the Serpent(2015) 7.8
Embrace of the Serpent(2015) Embrace of the Serpent(2015)**************************ဒီရုပ်ရှင်ဟာ အမေဇုန်တောအုပ်ထဲကို ဆေးဖက်ဝင် အထွတ်အမြတ်သစ်ပင်တစ်မျိုးသွားရှာခဲ့တဲ့သိပ္ပံပညာရှင်နှစ်ယောက်ရဲ့ ဒိုင်ယာရီကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ ၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ ခရီးသွား ဖြူမဲရုပ်ရှင်ဖြစ်ပြီး ဆုတံဆိပ်တွေလည်း များစွာရရှိထားပါတယ်။ကိုလန်ဘီယာရဲ့ ပထမဆုံးသော Oscar nomianted ရုပ်ရှင်လို့လည်းဆိုကြပါတယ်။ ဇာတ်ကားထဲက သိပ္ပံပညာရှင်နှစ်ယောက်ဟာ ဒီတောအုပ်ထဲကို အတူတူခရီးသွားကြတာမဟုတ်ဘဲတစ်ယောက်ပြီးမှ တစ်ယောက်၊ ၁၉၀၉ခုနှစ်နဲ့ ၁၉၄၀ခုနှစ်တွေမှာ နှစ်သုံးလောက်ခြားပြီးမှ ခရီးထွက်ဖြစ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ယာကရူနာဆိုတဲ့ ဆေးဖက်ဝင်ရှားပါးသစ်ပင်ကိုသွားရှာတာပါ။သူတို့နှစ်ဦးလုံးရဲ့ခရီးစဥ်မှာ ကာရာမာကာတဲ ဆိုတဲ့ နယ်ခံနတ်ဆရာကြီးနဲ့တွေ့ခဲ့ကြပါတယ်။ နတ်ဆရာကြီးဟာ သူ့လူမျိုးစုမှာ တစ်ဦးတည်းရှင်ကျန်သူဖြစ်ပြီး သူတို့ဓလေ့တွေ အစဥ်အလာတွေ သမိုင်းတွေကို ထိန်းသိမ်းထားသူပါ။ ဒီခရီးစဥ်နှစ်ခုမှာ ဘာတွေကြုံတွေ့ရမလဲ၊အမေဇုန်လူမျိုးစုတွေ ဓလေ့တွေကဘယ်လိုတွေဆိုတာ မြင်တွေ့နိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။File Size :(3.08GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:05:00 Genre : Adventure, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by ...
movie

Embrace of the Serpent(2015)

Mom and Dad (2018) 6.4
Mom and Dad (2018) ၂၀၁၈ခုနှစ်ဇန်န၀ါရီကမှတရားဝင်ထုတ်လုပ်လိုက်တဲ့ မင်းသားကြီးနီကိုလတ်စ်ကေ့ခ်ျရဲ့ ကားသစ်လေးပါ။ဒီဇာတ်ကားလေးဟာ တမူထူးခြားတဲ့အရသာလေးကိုပေးမှာပါ။ဘာလို့လဲဆိုတော့ Horror-Comedy ဇာတ်ကားလေးဖြစ်နေလို့ပါပဲ။ပိုစိတ်ဝင်စားကောင်းသွားပါပြီ။ဇာတ်ကားနာမည်က အမေနဲ့အဖေဆိုတော့ မိဘမေတ္တာဘာညာဆိုပြီးထင်ကောင်းထင်နိုင်ပါတယ်။ဒီကားလေးမှာတော့ လုံးဝဆန့်ကျင်ဖက်ပါပဲ။ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုက မိသားစုလေးတစ်စုကိုအခြေပြုဇာတ်အိမ်တည်ထားပါတယ်။ဖခင်ဖြစ်သူဟာ တနေကုန်ကုန်းရုန်းအလုပ်လုပ် မိသားစုကိုထောက်ပံ့ ကလေးတွေကြောင့်စိတ်ပင်ပန်းနေရပြီး မိခင်ဖြစ်သူကလည်း ကလေးတွေကိုပြုစုပျိုးထောင်ဖို့ အလုပ်ကနေထွက်ထားရတယ်။သားသမီးရယ်လို့ တနေကုန်ဖုန်းပွတ် မိဘတွေနဲ့ကွိုင်တတ်တဲ့ မြီးကောက်ပေါက်သမီးတစ်ယောက်၊ လုပ်ချင်ရာလုပ်စိတ်ထင်သလိုသောင်းကျန်းတဲ့ သားအငယ်ကောင်ဆိုပြီးနှစ်ယောက်မွေးထားကြတာပါ။တစ်နေ့တစ်နေ့ မိဘနှစ်ပါးမှာ ဒီသားသမီးနှစ်ယောက်ကိုပြောရဆိုရ ထိန်းသိမ်းရနဲ့အတော် စိတ်အိုက်ကြမှာပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ ၂၄နာရီစာမိဘတွေပြန်သောင်းကျန်းခွင့်ရသွားစေတဲ့ဖြစ်ရပ်ဆန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ကျောင်းကြိုဖို့ မိဘတွေကျောင်းပြင်မှာစောင့်နေကြစဉ် ခေါင်းလောင်းအထိုးမှာပဲ မိဘတွေအားလုံးကိုယ့်သားသမီးကိုယ်ပြန်ရန်မူချင်စိတ်ပေါက်ပြီး Zombie သဖွယ်ဖြစ်ကုန်ကြပါတယ်။တခြားဘယ်သူ့ကိုမှရန်မပြုဘဲ ကိုယ့်သားသမီးကိုပြန်လိုက်ရန်ရှာကြတော့တဲ့အခါ တစ်ကျောင်းလုံး ၀ရုန်းသုန်းကားဖြစ်ကုန်ပြီး အဲဒီမောင်နှမနှစ်ယောက်လည်းကြောက်ကြောက်နဲ့ အိမ်ပြန်ပြေးလာတဲ့အခါမှာတော့ အိမ်မှာမိန့်မိန့်ကြီးထိုင်စောင့်နေတဲ့မိဘနှစ်ပါးနဲ့တည့်တိုးကြကုန်တာပါပဲ။၂၄နာရီတိတိ အဲဒီမောင်နှမနှစ်ယောက်နဲ့ Nicolas Cage တို့လင်မယားနှစ်ယောက် လိုက်တမ်းပြေးတမ်းတစ်အိမ်လုံးပြောင်းဆန်အောင် သောင်းကျန်းကြတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမှာဖြစ်ပြီး ကြားထဲမှာလည်းဟာသဖောက်တတ်သေးတော့ အရသာနှစ်မျိုးခံစားရမှာပါ။ဒါ့အပြင်ဒီဇာတ်ကားမှာ ...
movie

Mom and Dad (2018)

2018