Channel Myanmar

Britt Scholte

The Mercator Trail (2022) 6.1
The Mercator Trail (2022)  Indiana Jones လိုမျိုးစွန့်စားခန်းဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် The Mercator Trail ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.1 ရရှိထားပြီး 2022 ခုနှစ်ကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ဘန်ဂျမင်ဆိုတဲ့ ကောင်လေးကနည်းပညာကျွမ်းကျင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့သူ့အဖေရဲ့အမွေတွေကို ဆက်ခံရရှိခဲ့ပါတယ်။အမွေဆက်ခံရတယ်ဆိုလို့သူ့အဖေကသေသွားတာလားဆိုတော့လည်း မဟုတ်ပါဘူး။ဒါပေမယ့်ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့အတွက်သေစာရင်းသွင်းခံလိုက်ရတာပဲဖြစ်ပါတယ်။ ဘန်ဂျမင် သူ့အဖေဆီကရခဲ့တဲ့ အမွေပစ္စည်းကတော့ တခြားမဟုတ်ဘဲ အရင်ခေတ်ကရှေးဟောင်းမြေပုံ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။သူ့အတွက်ဘာမှအသုံးမဝင်ပေမဲ့ ကျောင်းကသူ့ Crush လေးဖြစ်တဲ့ဆလီရန်ကရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတဲ့အတွက် အဲ့ဒါကိုသုံးပြီးနီးစပ်အောင် ဂွင်ဖန်ပါတော့တယ်။ဒါပေမယ့် အဲ့ဒီနောက်မှာတော့သူ့အိမ်ဖောက်ထွင်းခံလိုက်ရတာကြောင့် စိတ်ပူပြီးစာအုပ်ငှားသွားတဲ့ဆလီရန်ကို သွားသတိပေးနေတဲ့အချိန်မှာ လူဆိုးတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံရပြီး ကံကောင်းထောက်မစွာနဲ့ ဇက်ပိုဆိုတဲ့လူတစ်ယောက်ကသူတို့ကို ကယ်ထုတ်ပေးခဲ့ပါတော့တယ်။နောက်မှသိလိုက်ရတာက ဒီစာအုပ်ကတကယ့် အဖိုးတန်ပစ္စည်းဖြစ်ပြီးရွှေကို ထုတ်လုပ်နိုင်တဲ့ဖော်မြူလာကိုရှာတွေ့နိုင်ဖို့ လမ်းစဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ သူတို့သုံးယောက်ရဲ့စွန့်စားခန်းခရီးစတင်ခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်....  File size…2.04GB / 1.01GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

The Mercator Trail (2022)

Bon Bini: Judeska in da House (2020) 5.7
Bon Bini: Judeska in da House (2020) Bon Bini: Judeska in da House (2020) ===========================အဆိုပါဒတ်ချ်ဟာသရုပ်ရှင်သည် ကမ္ဘာ့ရောဂါကပ် ကိုဗစ်၁၉ ဖြစ်ပွားချိန်၌ ဇာတ်အိမ်တည်ထားပါသည်။ လူမျိုးရေးခွဲခြားမှု ဟာသတွေ၊ အဆုံးမှာ အသားရောင်အခြေခံခွဲခြားခြင်းကို ဆန့် ကျင်ကျော်လွန်လက်ခံသွားတဲ့ လူဖြူဇာတ်ကောင်တွေအကြောင်း အား ကလီရှေးဆန်ဆန်ရိုက်ကူးထားပါတယ်။ ထူးခြားတာက သရုပ်ဆောင် Jandino Asporaat ပါ။ ဇာတ်လမ်းအဆုံး ဂူဂဲလ် မှာရှာဖတ်ကြည့်တော့မှ အမျိုးသားသရုပ်ဆောင်ဟာ အမျိုးသမီး ကဲ့သို့ဝတ်ဆင်ကာ သရုပ်ဆောင်ထားမှန်းသိရအောင်ကို ပီပြင် လွန်းခဲ့တာပါ။ ဟော်လီဝုဂန္တဝင် ရော်ဘင်ဝီလီယံ ရဲ့ Mrs Doubtfireဇာတ်ရုပ်ကိုမြင်ယောင်မိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကို ရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေး ရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှ ကပ်ဆိုးရောဂါ ကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ် ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့ တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက် ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါ တော့တယ်။စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော် လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ် တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထား ကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့ သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာ တဲ့ ဝန်ကတော် ...
movie

Bon Bini: Judeska in da House (2020)

2020