Channel Myanmar

Britta Smith

The Boxer (1997) 7.0
The Boxer (1997)  ဒီကားလေးကတော့ ratingလဲကောင်း critics‌တွေလဲအကြိုက်တွေ့ခဲ့တဲ့ Dramaကားကောင်းလေးပါ။ ပါဝင်ထားတာကလဲ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Daniel Day-Lewis နဲ့ Emily Watsonတို့ဖြစ်တဲ့အတွက် ကားကောင်းတစ်ကားဆိုတာသိနိုင်ပါတယ်။နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် ထောင်ထဲမှာ၁၄နှစ်‌နေခဲ့ရပြီး ပြန်ထွက်လာခဲ့တဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီဟာ သူ့ရဲ့အရင်အိပ်မက်ဖြစ်တဲ့ လက်ဝှေ့ပွဲတွေပဲကျင်းပပြီး နေချင်တဲ့သူပါ။ သူအရမ်းချစ်ရတဲ့ ချစ်သူဟောင်းဖြစ်တဲ့ မက်ဂီကိုလဲ ပိုင်ဆိုင်ဖို့ကြိုးစားနေတုန်းပါပဲ။ ဒါပေမဲ့လည်း အတိတ်က ဖြစ်ရပ်တွေရဲ့ ရန်သူဟောင်းတွေက ရန်ငြိုးတွေမပြတ်နိုင်ဘဲ ဒုက္ခ‌တွေပေးဖို့ကြိုးစားလာခဲ့အခါမှာတော့... ထိုဒုက္ခတွေကြားမှာ သူနဲ့ မက်ဂီနဲ့ ဘယ်လိုရုန်းကုန်ရမလဲဆိုတာကို လှလှပပရိုက်ကူးကားတဲ့ Dramaကားကောင်းလေးပါ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

The Boxer (1997)

My Left Foot: The Story of Christy Brown (1989) 7.8
My Left Foot: The Story of Christy Brown (1989)  ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ အယ်လင်‌ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ‌ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, ...
movie

My Left Foot: The Story of Christy Brown (1989)

In the Name of the Father (1993) 8.1
In the Name of the Father (1993)   ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie

In the Name of the Father (1993)