Channel Myanmar

Bronwen Coleman

Capote (2005) 7.3
Capote (2005)  Imdb မှာ Rating 7.3 အထိရရှိထားတဲ့ Crime/Drama ဇာတ်လမ်းဟောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Capote ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ၁၉၅၉ ခုနှစ် ကန်းဆက်ပြည်နယ်ရဲ့လယ်ယာအိမ်မှာနေထိုင်တဲ့ ကလပ်တာမိသားစုရဲ့အလောင်းကို တွေ့ခဲ့ရာကနေစတင်ပါတယ်။အဲ့ဒီအချိန်မှာက ပိုတီဆိုတဲ့နာမည်ကြီးတဲ့ စာရေးဆရာက ဒီအကြောင်းကိုလာရောက်စူးစမ်းပါတော့တယ်။သူစူးစမ်းလေ့လာပြီး သိပ်မကြာခင်မှာ တရားခံတွေကိုဖမ်းမိသွားပါတော့တယ်။ကပိုတီတစ်ယောက် သူ့ရဲ့စာအုပ်အသစ်ကို ရေးဖို့အတွက်အဲ့ဒီတရားခံတွေနဲ့ စကားပြောခွင့်ရအောင်ကြိုးစားပါတော့တယ်။ဒီလိုနဲ့ စကားတွေပြောရင်းနဲ့မှ ရင်းနှီးလာပြီး ကပိုတီက တရားခံတွေအတွက် ကောင်းတဲ့ရှေ့နေတွေငှားပေးအသနားခံလွှာတင်ဖို့အတွက် ကူညီပေးတာတွေ လုပ်ခဲ့ပေးပါသေးတယ်။ဒါပေမယ့်အပြစ်ဒဏ်ကိုရှောင်လွှဲလို့ မရဘဲ သေမိန့်ကျလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ဒီအကြောင်းကိုအခြေခံပြီး သူရေးသားမဲ့ စာအုပ်အသစ်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ လူ့သဘောသဘာဝစရိုက်တွေကိုပါတွေ့မြင်ရဦးမှာဖြစ်လို့ စီးမြောရင်းနဲ့ကြည့်ရှုသင့်တဲ့ကားလေးဖြစ်ပါတယ်။ File size…1.73GB / 541MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Capote (2005)