Channel Myanmar

Bronwen Mantel

Gothika(2003) 5,8
Gothika(2003) Gothika (2003)ဒီတစ်ခေါက် CM ပရိတ်သတ်တွေကို ၂၀၀၃တုန်းက ထွက်ရှိထားတဲ့Gothika ဆိုတဲ့ သည်းထိပ်ရင်ဖိုသဘာ၀လွန်ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်R Rated လဲရထားပြီး ဆု၆ခုထိရထားတဲ့ Horrorကားတကားမလို့ အတော်လေးကောင်းတဲ့ထဲပါပါတယ် Castပိုင်းမှာဆိုရင်လဲ Robert Downey Jrလိုသရုပ်ဆောင်ကောင်းတစ်ယောက်ပါ ပါဝင်ထားတာမလို့ ရုပ်ရှင်ကားကောင်းတခုဆိုတာညွှန်းလိုပါတယ်.....ဇာတ်လမ်းအကျဉ်းလေးကတော့Miranda ဆိုတဲ့ စိတ်ရောဂါအထူးကုဆရာ၀န်တစ်ယောက်ဟာ မိုးရွာတဲ့ညတစ်ညမှာအိမ်ပြန်ရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကိုတိုက်မိမလိုဖြစ်ရာကနေရှောင်ရင်း ယာဉ်တိုက်မှုဖြစ်သွားခဲ့ရပါတယ်။နောက်တစ်နေ့ သူပြန်နိုးလာတဲ့အချိန်မှာတော့ သူအလုပ်လုပ်ရာအကျဉ်းထောင်ရဲ့အကျဉ်းခန်းကို ရောက်နေပြီးယောက်ျားဖြစ်သူက ရက်ရက်စက်စက်အသတ်ခံခဲ့ရကြောင်းနဲ့ သူကသံသယရှိသူဖြစ်နေကြောင်းကိုသိလိုက်ရတော့Miranda တစ်ယောက်တုန်လှုပ်သွားခဲ့ရပြန်ပါတယ်။သူမြင်နေတဲ့မိန်းကလေးကလည်းသေပြီးသားသူဖြစ်နေတဲ့အပြင် ယောက်ျားဖြစ်သူကိုမသတ်ကြောင်း အဲမိန်းကလေးကိုမြင်မြင်နေရကြောင်းပြောတော့လည်း ဘယ်သူကမှသူ့ကိုမယုံကြဘဲစိတ်ရောဂါသည်ကြီးလို့ထင်ကုန်ကြတဲ့အချိန်မှာ Miranda တစ်ယောက် မရူးကြောင်းဘယ်လိုသက်သေပြမလဲထောင်ထဲရောက်နေရတဲ့ပြဿနာကို တစ်ယောက်တည်းဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှုအားပေးကြပါဦး File size…2GB / 900MB Quality…1080p BluRay AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena
movie

Gothika(2003)

2003
Secret Window (2004) 6.6
Secret Window (2004) Secret Window (2004) IMDb - 6.6/10_____Rotten - 46%   တချို့ဇာတ်လမ်းတွေက ဇာတ်လမ်းအကျဉ်းချုပ်ရေးလိုက်ရင် မကြည့်ရသေးတဲ့လူတွေအတွက် အရသာပျက်သွားတာမျိုးဖြစ်သွားတတ်တဲ့အတွက် ဒီဇာတ်လမ်းကိုတော့ နည်းနည်းလောက်ပဲပြောပြထားချင်ပါတယ်…ဘာလို့လဲဆိုတော့ ဇာတ်လမ်းကအရမ်းကောင်းနေလို့ပါ..ဇာတ်လမ်က အေးပါတယ် ..ဒုန်းဒုန်း ဒိုင်းဒိုင်းတွေမပါပါဘူး.အေးပါတယ်ဒါပေမယ့် ပျင်းစရာမကောင်းပါဘူး…မင်းသားကြီး Johnny Depp ရဲ့ထုံးစံအတိုင်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ သေသေချာချာအာရုံစိုက်ကြည့်ရှုပါမှ ဇာတ်ရည်လည်မယ့် ဇာတ်လမ်းမျိုးပါ..ဒီဇာတ်လမ်းက ဘာဖြစ်ပါသည်ခင်ဗျာ..ဆိုတာမျိုး ပြောမပြချင်တော့ပါဘူး သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပဲပြောပါရစေ..။စဉ်းစားတွေးခေါ်ချင်သူတွေအတွက်တော့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်..။အရုပ်ဆိုးတဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် စာရေးဆရာဟာ သူ့မိန်းမကို နယူးယောက်မြို့ကသူပိုင်တဲ့အိမ်မှာထားခဲ့ပြီး သူကတော့ တောအိမ်ကလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနေရင်း စာရေးနေခဲ့ပါတယ်။ဒီလိုနဲ့နေလာတာ ခြောက်လလောက်ကြာလာတော့ အိမ်တံခါးကိုလူတစ်ယောက်လာခေါက်ပြီး အဲ့ဒီလူက စာရေးဆရာကို သူ့စာတစ်ပုဒ်ကို ပုံတူကူး ခိုးယူရေးသားခဲ့တယ်လို့ စွပ်စွဲပါတော့တယ်..။စာရေးဆရာက ငြင်းဆိုတဲ့အခါ အဲ့ဒီညမှာ စာရေးဆရာရဲ့ခွေးကိုသတ်သွားပြီးနောက် နောက်ထပ်ခြိမ်းခြောက်မှုတွေနဲ့အတူ..နောက်ထပ်လူသတ်မှုတွေ…?????2004 မတ်မှာ ထွက်ခဲ့တာဖြစ်ပြီး Rating တွေက IMDb- 6.6/10 Roger Ebert – ¾ rotten ...
movie

Secret Window (2004)

2004
Mother! (2017) 7.0
Mother! (2017) "Public Health Warning:This movie is insane" ပါ…   ကဲ Motherပါတဲ့…   Motherဆိုလို့လည်း မာတာမိခင် ကျေးဇူးရှင်အကြောင်းကို ချစ်ခင်နှစ်သက်ဖွယ်…ကြည်နူးအောက်မေ့ဖွယ် အလွမ်းအဆွေးလေးနဲ့ (Burmese filmsတွေပုံစံ)ဖွဲ့နွဲ့ထားတယ်ထင်ရင်… မှားမှာပါ…   အဲ့ဒီလို့မှားတဲ့အပြင်ကို လူကြီးမင်းတို့မှာ စိတ်သိပ်မခိုင်တဲ့ ခံစားချက်ပြင်းပြင်းမခံစားသင့်တဲ့ရောဂါ မျိုး ကင်းလွတ်မှသာ ဒီ Motherကို ကြည့်သင့်တာပါ…   ဘာကြောင့်ဆို ဒီMotherဟာ ပရိသတ်တွေအပေါ် ဆယ်စုနှစ်တစ်ခုလုံးမှာ Mindblowing အလုပ်နိုင်ဆုံး ဇာတ်ကားအဖြစ် ဝေဖန်မှုများစွာလက်ခံရရှိခဲ့တာကြောင့်ဖြစ်ပါတယ်……   ဇာတ်လမ်းအကျဉ်းချုပ်ပြောရင်တော့… နာမည်ကြီးစာရေးဆရာ တစ်ယောက်နဲ့ သူရဲ့ဇနီးချောလေးတို့ဟာ မြို့နဲ့ဝေးကွာပြီး လူသူ တိတ်ဆိတ်လှတဲ့အရပ်မှာ ထီးထီးကြီး ခန့်ထည်နေတဲ့အိမ်ကြီးတစ်အိမ်မှာ အတူနေထိုင်ကြတာပါ…   စာရေးဆရာဟာ လတ်တလောမယ် စာရေးဖို့ကုန်ကြမ်းတွေးမရတဲ့ ပြဿနာမျိုးကြုံနေရတဲ့ အချိန်……   အိမ်ကို ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တွေ ရောက်ရှိလာခဲ့ပါတယ်……   အဲ့ဒီအချိန်ကစလို့ သူတို့ဇနီးမောင်နှံရဲ့ဘဝ ဗြောင်းဆန်ခဲ့ရတော့တာပါပဲ……   ဒီဇာတ်လမ်းကြည့်နေစဉ်မှာ မထင်မှတ်တဲ့ဇာတ်လမ်း အကွေ့အချိုး တွေများလွန်းတဲ့အတွက် ပရိသတ်တွေခမျာ ကြည့်နေရင်းနဲ့ကို ရင်မောနေရပြီး စိတ်ဝင်တစားကို တောက်လျှောက်ကြည့်ဖြစ်ကြမှာ မြင်ယောင်မိပါတယ်……   Ratingကလည်း 7.1/10 ဆိုတော့ သိပ်ညွှန်းမနေတော့ပါဘူးနော်   အဲ ...
movie

Mother! (2017)

2017
Leap! (2016) 6.8
Leap! (2016) Leap! (2016)_____IMDb - 6.8/10၁၈၇၉ ခုနှစ် ပြင်သစ်ကို ဇတ်အိမ်တည် အခြေခံရိုက်ကူးထားတဲ့ Animated ကာတွန်းကား Ballerina ထဲက နှစ်လိုဖွယ်မိဘမဲ့ကလေးငယ်လေးရဲ့ အိမ်မက်ဟာ ကချေသည်တစ်ယောက်ဖြစ်လာဖို့ပါပဲ။ ဆံပင်အနီရောင်နဲ့ ကလေးမလေး Félicie (အသံသရုပ်ဆောင် Elle Fanning) ဟာ ဘရစ်တနီက သူတို့ရဲ့မိဘမဲ့ဂေဟာကနေ သူ့အချစ်ဆုံးသူငယ်ချင်း Victor (Dane DeHaan) နဲ့အတူထွက်ပြေးသွားခဲ့ပါတယ်။ သူမရဲ့အိမ်မက်ဖြစ်တဲ့ ဘဲကလေးကချေသည်တစ်ဦးဖြစ်လာဖို့နဲ့ ဗစ်တာကတော့ တီထွင်သူတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ပေါ့။ ပဲရစ်မြို့တော် ။ ကောင်လေးကတော့ နာမည်ကျော် Gustave Eiffel ရဲ့အလုပ်သင် တပည့်တစ်ယောက်ဖြစ်လာခဲ့ပြီး ကောင်မလေးကတော့ လူချမ်းသာမိန်းကလေးတစ်ယောက်ရဲ့နာမည်ကိုယူပြီး ကဇတ်ရုံမှာ ဘဲလေးကချေသည်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကဇတ်ရုံမှာ အကပညာသင်ယူခွင့်ရဖို့ဆိုတာ ငွေကြေးပြည့်စုံတဲ့ အထက်တန်းလွှာဖြစ်ရုံတင် မကပဲကြိုးစားအားထုတ်မူနဲ့မှ ရောက်ရှိနိုင်တဲ့နေရာပါ။ ပျော်ပျော်နေတတ်တဲ့ Félicie ရဲ့ချစ်စဖွယ်အကျင့်လေးကပဲ သူမကိုအောင်မြင်တဲ့ဘဝဆီကို ရောက်ရှိအောင် ကူညီပေးခဲ့တယ်ဆိုရပါမယ်။ သူ့ရဲ့ ချစ်စရာ သူငယ်ချင်းလေး DeHaan ရဲ့ Victor နဲ့အတူပေါ့။ ရယ်စရာလေးတွေလဲ ဟိုနားဒီနားပါပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာကတော့ မှော်ဆန်တဲ့ ...
movie

Leap! (2016)

2016