Channel Myanmar

Brooke D'Orsay

Crimes of Fashion: Killer Clutch (2024) 6.0
Crimes of Fashion: Killer Clutch (2024)  အားလပ်ရက်တွေမှာ ကြည့်စရာ အေးအေးငြိမ့်ငြိမ့်ရုပ်ရှင်တစ်ကားလောက် ရှာနေပါသလား?ဇာတ်အိမ် ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ဒီဖက်ရှင်စုံထောက်ကားလေးကို ရွေးချယ်လိုက်ပါ!ဖက်ရှင်နယ်ပယ်မှာ ဦးတည်အလုပ်လုပ်တဲ့ အမေရိကန်သူစိတ်ပညာရှင် လောရမ် အဲလီးရက်ဟာ အလုပ်သစ်တစ်ခုကြောင့်ပါရီမြို့ကို ယာယီပြောင်းရွှေ့ခဲ့ရပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်သူမရဲ့ လုပ်ငန်းခွင်အသစ်ဖြစ်တဲ့ ပါရီဖက်ရှင်ပွဲမှာပဲ လူသတ်မှုကြီးတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အခါမှာ…ထက်ထက်မြက်မြက် အမေရိကန်မလေး လောရမ်နဲ့အတူစည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်းလုပ်တတ်တဲ့ပြင်သစ်စုံထောက် အန်ဒရေ ဒူဗရိုင်းက ဘယ်လိုတွေ့ဆုံလက်တွဲပြီး ဒီအမှုကို အဖြေရှာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အသံဩရှရှ ပြင်သစ်လေသံတွေ၊ ပေါ့ပါးတဲ့ဟာသတွေ၊အဓိကဇာတ်ဆောင် နှစ်ယောက်ကြားက chemistry ကိုက်မှုတွေနဲ့အတူ မလေးလံတဲ့ မှုခင်းစုံစမ်းရေးတွေ ရောပြွန်းပါဝင်နေတာကြောင့် အပျော်တမ်းကြည့်စရာ ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာကို ညွှန်းလိုက်ပါရစေ။ File size…1.74 GB / 760 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Crimes of Fashion: Killer Clutch (2024)

A Not So Royal Christmas (2023) 6.1
A Not So Royal Christmas (2023)  လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Romantic ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးလေးပါ။Nordinနိုင်ငံက Sorhagen ဆိုတဲ့ မြို့လေးမှာ အခြေတည်ထားပါတယ်။ Charlotteက အတင်းအဖျင်းတွေရေးတဲ့ ဂျာနယ်က သတင်းထောက်တစ်ယောက်ပါ။ သူ့သူဌေးဆီက လစာတိုးရဖို့အတွက် Sorhagenရဲ့ မြို့စားဖြစ်သူကို အင်တာဗျူးရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီမြို့စားက လူအများအမြင်ကနေ ပုန်းကွယ်နေတာ ကြာနေပါပြီ။ဒီတော့ Charlotte ကိုယ်တိုင် နန်းတော်ထဲကို အလည်အပတ်သွားရောက်သလိုနဲ့ အလစ်မှာ ခိုးဝင်ပြီး မြို့စားကို ရှာခဲ့ပါတယ်။ မြို့စားနဲ့တွေ့ပြီး အင်တာဗျူးခွင့်ရအောင်လည်း ကြံဆောင်နိုင်ခဲ့ပေမယ့် သူထင်ထားသလိုမဟုတ်ဘဲ မြို့စားက လျှို့ဝှက်ချက်တွေရှိနေတဲ့အခါ...။သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးက ဆက်ပြီးပေါ်လာနိုင်ပါ့မလား ဆက်လက်ကြည့်ရှုရမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie
movie

A Not So Royal Christmas (2023)

Harold & Kumar Go to White Castle (2004) 7.0
Harold & Kumar Go to White Castle (2004) Harold & Kumar Go to White Castle (2004) Genre - Comedy, Adventure IMDB - 7.0/10ခင်ဗျားတို့ ဆေးခြောက်/ဝိသောက်ပြီး ဘယ်လောက်ထိစားသောက်ဖူးကြလဲ စားချင်စိတ်ဖြစ်ကျလဲ(ကျွန်တော်ကတော့ လမ်းဘေးထမင်းကြော်ကိုလိုက်ပွဲ ၆ ပွဲနဲ့ ဟင်းအပို ၃ ပွဲထိ စားဖူးတယ် ဤကား စကားချပ်)။ဒီရုပ်ရှင်ရဲ့ အဓိကအကြောင်းအရာကလည်းအဲဒီလို ဝိကွဲပြီး သွားငတ်ကြီးကျလို့ ဘေးကပ်ပေါင်း ၃၆၅ မျိုးလောက် ကြုံရတဲ့ရုပ်ရှင်။ဒီကားထဲက ဘဲနှစ်ပွေက တော်တော်စားတယ်၊။တစ်ယောက်က ကိုရီးယားကကောင် ကင်ချီသားသူကတော့ ဘဝကို ပုံမှန်အလုပ်လုပ်ပြီး ဖြတ်သန်းနေသူတစ်ယောက်။နောက်တစ်ယောက်ကကျ အိန္ဒိယား အာပနား ပရမ်းပတာကောင်စာတော်ပေမယ့် အလေကောင်ပေါ့ဗျာ။ဒီနှစ်ယောက်က တိုက်ခန်းမှာ တူတူနေကြတာအလုပ်ပိတ်ရက်ဆို ဝိလေးကိုင်ပြီး ကွဲပြဲနေကြတဲ့ နှစ်ယောက်ပေါ့ဗျာ။တစ်ရက်ကျ ကင်ချီသားက သောကြာနေ့လေးအိမ်ပြန်နှပ်မလို့ကို အလုပ်ကကောင်တွေ ဂျင်းထည့်လို့အိမ်က အာပနားကိုတော်ပြီ အလုပ်ပါလို့ ဆေးခြောက်မသောက်ဘူးတားတာကို အာပနားက ဇွတ်မြူဆွယ်တာနဲ့ နှစ်ကောင်သား ချကြရော။အဲဒီမှာ ကွဲပြဲလာတော့ ...
movie

Harold & Kumar Go to White Castle (2004)

2004