Channel Myanmar

Brooks Ryan

The Kept Mistress Killer (2023) 5.1
The Kept Mistress Killer (2023) The Kept Mistress Killer (2023)The Kept Mistress Killer ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်ကားလား။ ပြောရရင်တော့မဟုတ်ပါဘူးခင်ဗျ။ ‘Next-Door Nightmare,’ ‘Escaping My Stalker,’စတဲ့ မှုခင်းဖြစ်ရပ်ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးသားတဲ့ စတီဗင်ရာမန်ရဲ့နောက်ဆုံးထွက်လက်ရာလေးပါ။ ဇာတ်ညွန်းရေးတဲ့သူက တကယ်ဖြစ်ရပ်မှန်မှုခင်းနဲ့တူအောင်၊ မှုခင်းရဲ့သဘောသဘာဝ၊လူတွေရဲ့စိတ်ခံစားချက်ကို ကြည့်ရှုသူရဲ့စိတ်ထဲ ရသမြောက်အောင် ထည့်သွင်းပေးဖို့ ဆိုတာ မလွယ်လှပါဘူး။ဒီဇာတ်လမ်းလေးမှာဆိုရင်လည်း ကတ်သရင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာအလုပ်လျှောက်တာ၊CEOကသဘောကျပြီးချက်ချင်းတန်းခန့်ပါလေရော။ လုပ်ကလုပ်မယ်တောင်မကြံသေးဘူး သူဌေးအရင်မိန်းမအသတ်ခံရလိုပြဿနာတွေတက်ပါလေရော။ လူတိုင်းကလူသတ်တရားခံဖြစ်နိုင်နေတော့ တရားခံဘယ်သူလဲဟေ့ဆိုပြီး ခေါင်းစားရတဲ့ဇာတ်လမ်းလေးပါပဲဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p File size… 1.4GB | 653MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

The Kept Mistress Killer (2023)

2023
A Baby at Any Cost (2022) 5.6
A Baby at Any Cost (2022) A Baby at Any Cost (2022) ====================ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် ကလေးမရနိုင်တော့တဲ့ မော်နီကာဆိုတဲ့ ရှေ့နေ့အမျိုးသမီးနဲ့ သူ့ခင်ပွန်းဘရက်တို့ဟာ လီလီ ဆိုတဲ့ အငှားကိုယ်ဝန်ဆောင်မိန်းကလေးကျေးဇူးနဲ့ အိုလစ်ဗီယာဆိုတဲ့ သမီးလေးတစ်ယောက်ရလာခဲ့ပြီး မိသားစုဘဝမှာ အရာအားလုံး ပြီးပြည့်စုံနေခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ သူ့ရဲ့ညီမဖြစ်သူ ဂျန် နဲ့သူ့ခင်ပွန်းတို့ ကွာရှင်းဖို့လုပ် နေပြီး ကလေးအုပ်ထိန်းခွင့်အတွက် ရှေ့နေ့လိုက်ပေးပြီး တရားရင်ဆိုင် နေရတာပေါ့။မော်နီကာက တည်ငြိမ်ပြီး ထက်မြက်သလောက် ညီမဖြစ်သူ ဂျန် ကတော့ အမြဲလိုလို ဒေါသကြီးပြီး သူ့စိတ်သူမထိန်းနိုင်တဲ့ ဆန့်ကျင်ဘက်ညီအစ်မ နှစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ညီမရဲ့အပြုအမူတွေကို သဘော မကျတဲ့ မော်နီကာဟာ သူတို့အတွက် ကလေးထိန်းလုပ်ပေးဖို့ကို ဂျန် ကို မခေါ်တော့ဘဲ အငှားကိုယ်ဝန်ဆောင်မိန်းကလေး လီလီ့ကို ခန့်လိုက်ပါ တော့တယ်။သူ့အစ်မမိသားစုနဲ့ လီလီနဲ့ အဆင်ပြေနေတာကို မြင်ရတဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ခွဲနေရပြီး အိမ်ထောင်ရေးဘဝ မသာယာခဲ့တဲ့ ဂျန် တစ်ယောက် မနာလိုစိတ်နဲ့အတူ ပူလောင်နေတော့တာပေါ့။ဒီလိုနဲ့ပဲ ကလေးနဲ့မိသားစုဘဝကို လိုချင်တဲ့ ဒီမိခင်သုံးယောက်ကြားက လျှို့ဝှက်ချက်တွေနဲ့အတူ ကလေးကိုရဖို့ တစ်ယောက်က စည်းကျော်မိသွားတဲ့အခါတော့ .....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Robin ဖြစ်ပါတယ်)File Size..........(1.74 ...
movie

A Baby at Any Cost (2022)

2022
A Thousand Little Cuts (2022)
A Thousand Little Cuts (2022) Anne ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆေးရုံမှာနိုးလာပါတယ်။သူဘာလို့ဆေးရုံရောက်နေလဲဆိုတာဇဝေဇဝါဖြစ်နေပါတယ်။စိတ်ရောဂါကုဆရာ၀န်က သူ့ရဲ့အတိတ်ကို တူးဆွပေးပြီးထိတ်လန့်စရာဖြစ်ရပ်ကို ပြန်မှတ်မိနိုင်အောင် လမ်းပြပေးပါတယ်။ ဒါပေမယ့် Anne ရဲ့မသိစိတ်က တကယ်ဖြစ်ခဲ့တာတွေကို ဖန်တီးထားတဲ့မှတ်ဉာဏ်တွေနဲ့အစားထိုးပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်နေတဲ့အတွက်မလွယ်ကူပါဘူး။ Anne တယောက်ဟာတုန်လှုပ်စရာဖြစ်ရပ်ကို မှတ်မိနိုင်ဖို့ နာကျင်ရတဲ့အတိတ်ကိုပြန်သွားရမှာပါ။ Director Josh Brandonရိုက်ကူးထားပြီး မင်းသမီးချော Rebecca Liddiard ကအဓိကနေရာကနေပါ၀င်ထားပါတယ်။ဇာတ်လမ်းပြကွက်တွေက အတိတ်နဲ့ ပစ္စုပ္ပန်ကိုတစ်လှည့်စီပြနေတာမျိုးပါ။စိတ်ပညာကိုစိတ်၀င်စားရင် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.1GB)/(623.97MB)/(306.2MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

A Thousand Little Cuts (2022)

Unplanned (2019) 5.8
Unplanned (2019) Unplanned (2019)_____IMDb - 5.8/10    ဒါကတော့ အက်ဘီဂျွန်ဆင်ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့ဖြစ်ရပ်မှန်တွေကိုရေးသားထားတဲ့စာအုပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Dramaကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ သူ့မှာကြင်နာတဲ့ယောက်ျား၊ ချစ်စရာကောင်းတဲ့သမီးလေးနှင့် ပံ့ပိုးတဲ့မိဘတွေရှိပြီး ပျော်ရွှင်ရပေမယ့် သူ့မိသားစုကသူ့အလုပ်အကိုင်ကိုတော့လုံးဝအားမပေးပါဘူး။ ဘာလို့ဆိုသူက Planned Parenthoodဆိုတဲ့ အမျိုးသမီးကျန်းမာရေးဆေးခန်းမှာ သမိုင်းတစ်လျှောက်အငယ်ဆုံးဒါရိုက်တာအဖြစ်အလုပ်လုပ်လို့ပါပဲ။ အဲ့ဆေးခန်းကတခြားကျန်းမာရေးကိစ္စတွေလည်းလုပ်ပေးပေမယ့် အဓိကကတော့ကိုယ်ဝန်ဖျက်ချပေးတဲ့ကိစ္စကိုလုပ်ပေးတာပါ။ ဒီကားမှာ ကိုယ်ဝန်ဖျက်ချတာကိုအမျိုးသမီးအခွင့်အရေးအဖြစ်လက်ခံတဲ့သူတွေနဲ့ ဒါဟာအသက်တစ်ချောင်းဖြစ်လို့လုံးဝလက်မခံနိုင်တဲ့သူတွေကြား ပဋိပက္ခတွေလည်းဖြစ်နေကြကိုလည်း မီးမောင်းထိုးပြထားပြီး သူအလုပ်လုပ်နေတဲ့အချိန်တစ်လျှောက် တွေ့ကြုံရတဲ့ကိုယ်ဝန်ဖျက်ချမှုရဲ့အကျိုးအပြစ်တွေကိုလည်း သေချာကြီးကိုရိုက်ပြထားတာပါ။ ဒီကားဟာသူ့အတွေ့အကြုံတွေကိုရိုက်ပြထားပေမယ့် လုံးဝပျင်းစရာမကောင်းခဲ့ပါဘူး။ Dramaကားဆိုပေမယ့်တစ်ချို့အခန်းတွေဆိုရင် ရင်တမမနဲ့ကြည့်ရှုရပြီး တစ်ချို့အခန်းတွေကတော့တော်တော်ကြေကွဲဖို့ကောင်းပါတယ်။ ကိုယ်ဝန်ဖျက်ချမူတွေကိုသေချာရိုက်ပြထားလို့ပဲ ဒီကားကို PG13ကနေ R ratedအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ရပါတယ်။ ဒါကတော့ 2019မှာထွက်ထားတဲ့ Dramaကားကောင်းတွေထဲကတစ်ခုဆိုတာကတော့ အသေအချာပါပဲ။    File Size : ( 1 GB ) Quality :  WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Moe Lay Encoded by Moe Myint Lwin
movie

Unplanned (2019)