Channel Myanmar

Bruce Hung

Kidnapped Soul ( 2021 ) 6.1
Kidnapped Soul ( 2021 ) ဒီတစ်ခေါက်မှာတော့ rainie ရဲ့ ထိုင်ဝမ်ကားကောင်းလေးကို ချစ်ရပါသော CM ချစ်ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးက သည်းထိတ်ရင်ဖိုကြိုက်တဲ့ သူတွေအတွက်လိုဆိုနိုင်သလို အားကြီးနဲ့ မိုးနဲ့အတူ ငိုချချင်သူတွေအတွက်လည်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်....ဒီဇာတ်လမ်းလေးကKidnapped Soul ဆိုတဲ့ နာမည်လေးအတိုင်းပါပဲ... ပြန်ပေးဆွဲခံရတဲ့ကလေးလေး ၂ ယောက်အကြောင်းပေါ့... တစ်ယောက်က ဖုံဖုံ တစ်ယောက် သောသောတဲ့ဇာတ်လမ်းလေးအကျဉ်းလေး ပိစိလေးပြောရမယ်ဆိုရင်... ရဲမှူးကျီခိုင်က အမည်မဖော်နိုင်တဲ့ကလေးအလောင်းသေတ္တာ ကွင်းဆက်အမှုကို တာဝန်အရ စုံစမ်းနေချိန်မှာပဲ သူ့အစ်မဖြစ်သူ မူလတန်းဆရာမမိန်ကျိန်းရဲ့ သမီးလေးလည်း အလားတူ ပုံစံနဲ့ ပြန်ပေးဆွဲခံခဲ့ရပါတယ်။အမှုလိုက်နေတဲ့အချိန် သဲလွန်စအရ မိန်ကျိန်းရဲ့ အိမ်နီးနားချင်းဟောင်းဖြစ်တဲ့ မင်းချန်နဲ့ ဟွေ့လန်တိုနဲ့ ဆုံတွေ့ချိန်မှာတော့ သူတိုရဲ့ သမီးလေးဟာလည်း ပျောက်ဆုံးနေတာ တစ်နှစ်ရှိပြီဆိုတာ သိခဲ့ရပါတယ်။ ရှုပ်ထွေးပြီး သဲလွန်စပျောက်တဲ့ အမှုကိုလိုက်ဖို့ လမ်းစရှာမရတဲ့အဆုံး ကျီခိုင်ဟာ ထူးထူးဆန်းဆန်းနဲ့ ၂၁ ရာစုထဲမှာ အမှုမှန်ပေါ်ဖိုအတွက် နတ်ကတော်ကျိန်းပိုင်ရှီကိုပဲ အကူအညီတောင်းရပါတော့တယ်။ကဲကဲ... ဝိညာဉ်တွေအကူအညီသုံးရင်း အမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာရယ်... ပြန်ပေးဆွဲခံရတဲ့ ကလေး ကိုပြန်ကယ်တင်နိုင်မှာလား... ဇာတ်လမ်းအစက ကလေးအလောင်းက ဘယ်သူဖြစ်မှာလဲ... ပြန်ပေးဆွဲခံရချင်းတူပေမယ့် ကလေးနှစ်ယောက်ရဲ့ အဆုံးသတ်တူပါ့မလား ဆိုတာကို မိုးအေးအေး စောင်လေးကွေးပြီး ဒေါင်းကြည့်နေတဲ့ CM ချစ်ပရိသတ်တို့ တစ်ယောက်တည်းအိမ်မှာရှိရင် တံခါးဖွင့်ဖို ကြောက်မသွားကြနဲ့နော်...  Quality : WEB-DL 1080p, 480p Format : mp4 Genres ...
movie

Kidnapped Soul ( 2021 )

Get the Hell Out ( 2020 ) 5.8
Get the Hell Out ( 2020 ) ဒီကားလေးကတော့ ခွေးရူးပြန်ရောဂါမျိုးစိတ်ဖြစ်တဲ့ ဇွန်ဘီဗိုင်းရပ်စ်တွေပါလီမန်ထဲမှာ ပျံနှံ့သွားတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ အစပိုင်းမှာ ပေါတယ်လို့ထင်ရပေမဲ့ တဖြည်းဖြည်း ဇာတ်ရှိန်တတ်လာပြီးတကယ်ကိုကြည့်ကောင်းတဲ့ ဟာသ သဲထိတ်ရင်ဖိုကားလေးပါနော်ဟဆွမ်ရင်းရင်းဟာ သူတို့ကမ်းခြေလေးပေါ်မှာ ခွေးရူးပြန်ရောဂါအရင်းအမြစ်ဖြစ်တဲ့ ဓာတုစက်ရုံဆောက်မှာကို တားဆီးဖို့အတွက်ပါလီမန်မှာ ရွေးကောက်ခံပြီး ပါလီမန်အဖွဲ့ဝင်ဖြစ်လာတာပါဒေါသမထိန်းနိုင်တဲ့ ဟဆွမ်ရင်းရင်းက စက်ရုံကိစ္စနဲ့ပတ်သတ်လို့သတင်းထောက်တွေနဲ့ရန်ဖြစ်ပြီး ပါလီမန်ကနေ နှုတ်ထွက်လိုက်ရပါတယ်ဝမ်ယုံဝေကတော့ ပါလီမန်ရဲ့ လုံခြုံရေးအစောင့်ဖြစ်ပြီး ဟဆွမ်ရင်းရင်း ရန်ဖြစ်တာကိုဝင်ဆွဲခဲ့ပြီး တစ်နိုင်ငံလုံးမှာ heroအဖြစ် နာမည်ကြီးသွားတဲ့သူပါဟဆွမ်ရင်းရင်းက စက်ရုံဆောက်တာကို တားဖို့အတွက် ဝမ်ယုံဝေကို ရွေးကောက်ပွဲမှာ ပါလီမန်အဖွဲ့ဝင် ဖြစ်လာအောင်ကူညီပေးခဲ့ပါတယ် အဲ့ဒီနောက်ပါလီမန်မှာ သမ္မတနဲ့အတူ အစည်းအဝေးလုပ်ကြတဲ့အချိန်မှာခွေးရူးပြန်ရောဂါမျိုးစိတ်သစ် ကူးစက်ခံလာရတဲ့သမ္မတကလူတွေကို ကိုက်ပြီး ပါလီမန်မှာ ရောဂါပိုးတွေပျံ့နှံသွားပြီး ...အဆောက်အဦးကြီးကိုလည်း ရောဂါပိုးပျံ့နှံမှာစိုးလို့ ချိတ်ပိတ်လိုက်တဲ့အခါ အထဲကပါလီမန်အဖွဲ့ဝင်တွေနဲ့ ဇွန်ဘီတွေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ.... ဆိုတာကို ကြည့်ရှုကြရမှာပါနော်Translated & Review By Yamin EiEncoded By LK
movie

Get the Hell Out ( 2020 )