Channel Myanmar

Bryana Salaz

Malibu Rescue 2019 4.8
Malibu Rescue 2019 ဇာတ်ကြောင်းလေးကို မပြောခင် ဇာတ်လမ်းမှာပါတဲ့ Malibu Junior Rescue Program လေးအကြောင်းအရင်ပြောပြပါရစေ Malibu ဆိုတဲ့ စကားလုံးလေး မြင်လိုက်တာနဲ့ LA က လှပတဲ့ ကမ်းခြေလေးကို မြင်ယောင်မိကြမှာပါ။ Malibu Junior Rescue ဆိုတာကတော့ ကျောင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ်းခြေက ကယ်ဆယ်ရေးအဖွဲ့တစ်ခုပါ။ Malibu ကမ်းခြေမှာ ရေဆော့သူတွေ အန္တရာယ်မဖြစ်ရအောင် အန္တရာယ်ဖြစ်လာရင် ကယ်တင်ဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုပါ။ အသင်း၀င်ဖြစ်လာဖို့အတွက် training အရင်၀င်ပြီး Crucible လို့ခေါ်တဲ့ နောက်ဆုံးပြိုင်ပွဲကို အောင်မြင်မှ တရား၀င် အသင်း၀င်တစ်ယောက်ဖြစ်လာနိုင်မှာပါ။ ရေကူးတာတွေ ကယ်ဆယ်ရေးရေးနဲ့ ပတ်သတ်တဲ့ challenge တွေကို အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ ရရှိလာမယ့်အခွင့်အရေးပါ။ ဇာတ်လမ်းထဲမှာ တိုင်လာဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ ငဆိုးငပေလေးတစ်ယောက်ပါ။ ပြဿနာပေါင်းစုံရှာလွန်းလို့ အိမ်ကလည်း လက်မြှောက်ထားရတဲ့သူမျိုးပေါ့။ တစ်နေ့ နွေရာသီကျောင်းပိတ်ရက်ရောက်တော့ သူ့ရဲ့ ပထွေးဟာ ...
movie

Malibu Rescue 2019