Channel Myanmar

Bryn Walters

Dog Soldiers (2022) 6.8
Dog Soldiers (2022) Dog Soldiers (2022) ================ IMDb Rating - 6.8/10 ကားဟောင်းတစ်ကားဆိုပေမယ့်တော်တော်ကိုမဆိုးလှတဲ့ထဲမှာပါပါတယ်။ ဇာတ်ကားတစ်ကားလုံးနီးပါးကအိမ်တစ်အိမ်ထဲမှာ စစ်သားတစ်ဖွဲ့နဲ့မိန်းကလေး တစ်ယောက်ရဲ့ တစ်ညတာအဖြစ်အပျက်တွေကိုပဲပြသွားတာပါ ။ တစ်မျိုးတော့ မထင်ပါနဲ့။ အိမ်ရဲ့ပတ်ပတ်လည်မှာမကောင်းတဲ့အရာတွေဝိုင်းနေတဲ့ကြားကနေ အားလုံးတူတူလွတ်အောင်ကြံစည်ကြပုံတွေကိုပြောတာပါ။အဲဒီမကောင်းတဲ့အရာတွေကဘာတွေလဲဆိုတာပြောလိုက်ရင်ကြည့်ရတာ ပေါ့သွား နိုင်တာကြောင့်မပြောတော့ပါဘူး။ မဖြစ်မနေချီးကျူးရမှာကသရုပ်ဆောင်တစ်ယောက် ချင်းစီကိုပါပဲ။ ဗိုလ်ကြီးတစ်ယောက်နဲ့တပ်သားငါးယောက်၊ အားလုံးတစ်ယောက်ချင်းရဲ့ ကာရိုက်တာတည်ဆောက်ပုံတွေ သရုပ်ဆောင်ချက်တွေဟာ လိုလေသေးမရှိအောင် ပြည့်စုံသလို၊ ဇာတ်လမ်းကအကောင်းကြီးမဟုတ်တောင် သူတို့ကြောင့်ဆက်ကြည့်ချင်စိတ် ဖြစ်လာမယ်ဆိုတာအာမခံနိုင်ပါတယ်။ခေတ်အခြေအနေအရအထူးပြုလုပ်ချက်တွေမှာ လိုအပ်ချက်ရှိပေမယ့် ဖြည့်တွေးတတ်ရင်တော့ဒါကလည်းပြောရလောက်တဲ့အပြစ်မျိုးမဟုတ်ပါဘူး။ ကဲဒီလူတစ်စုအဲဒီညမှာဘာတွေနဲ့ဘယ်လိုရင်ဆိုင်ခဲ့ရတာလဲဆိုတာသိချင်ရင်တော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Min Khant Bo ဖြစ်ပါတယ်)File Size..........(2.4 GB) / (904 MB) / (470 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Thriller Translator.......Min Khant Bo Encoder..........SWM
movie

Dog Soldiers (2022)