Channel Myanmar

Buddy Lewis

Back on the Strip (2023) 4.2
Back on the Strip (2023) Back on the Strip (2023) ===================မာလင်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက မျက်လှည့်ကို ဝါသနာပါခဲ့ပြီး သူ့ရဲ့ငယ်သူငယ်ချင်း ရော်ဘင်ကို အရူးအမူးချစ်ခဲ့သူပါ။ ဒါပေမဲ့ ရော်ဘင်က ကောလိပ်သွားတက်တော့ သူနဲ့ကွဲသွားပြီး သုံးနှစ် အကြာမှာ သူ့ဆီပြန်ရောက်လာခဲ့တယ်...ရည်းစားကြီးနဲ့ပေါ့။ သူချစ်ခဲ့ရတဲ့ကောင်မလေးကို ဆုံးရှုံးပြီးတဲ့နောက်မှာ Las Vegas မှာ မျက်လှည့်ပွဲလုပ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ Las Vegas ကိုရောက်လာခဲ့တယ်။ဒါပေမဲ့ မျက်လှည့်မပြရဘဲ အကြောင်းအမျိုးမျိုးကြောင့် stripper ဘဝ ကိုရောက်သွားပါတယ်။ အဲဒီနောက်မှာ မာလင်ကဘယ်လိုမျိုး အိပ်မက် ကို ဆက်ပြီး အကောင်အထည်ဖော်ရင်း ရော်ဘင်နဲ့ဆက်ဆံရေးကိုပါ ထိန်းထားပြီး နောက်ဆုံးမှာ သူအောင်မြင်နိုင်မလားဆိုတာကို ကြည့်ရှု ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kasashi ဖြစ်ပါတယ်)File Size..........(2 GB) / (1 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Kasashi Encoder..........SWM
movie

Back on the Strip (2023)

2023
Black Dynamite (2009)
Black Dynamite (2009)  IMDb 7.4/10, Rt 83 % ရရှိထားတဲ့ Action/Comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကိုတော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ပြီး ဒါရိုက်တာ Scott Sanders က ရိုက်ကူးထားတာပါ။ Michael Jai White (Never Back Down) က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဝေဖန်သူတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေနဲ့ ချီးကျူးမှုတွေကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပြန်ကြီးတစ်ဖြစ်လည်း စီအိုင်အေ အေးဂျင့်ဟောင်းကြီးဖြစ်တဲ့ ဘလက်ဒိုင်းနမိုက်ရဲ့ညီ ဂျင်မီအသတ်ခံရမှုမှာ အစပြုထားတာပါ။ သူ့ရဲ့တစ်ဦးတည်းသော ညီလေးက အသတ်ခံလိုက်ရတာကြောင့် ဘလက်ဒိုင်းနမိုက်တစ်ယောက် အကုန်လုံးကိုမြေလှန်ပြီး စုံစမ်းလိုက်ရာကနေ မထင်မှတ်ထားတဲ့ စစ်ဆင်ရေးကြီးတစ်ခုထဲ ထဲထဲဝင်ဝင် ပတ်သက်မိသွားပါတော့တယ်။သူ့ညီကို သတ်တဲ့လူဘယ်သူလဲသိအောင် လိုက်စုံစမ်းရင်း သိလိုက်ရတဲ့ စစ်ဆင်ရေးကြီးက ဘယ်လောက်ကြီးကျယ်လဲ.. သူ့ညီက ဘ အကြောင်းကြောင့် ဘယ်သူသတ်လို့များ သေသွားရတာလဲ.. အစားမတော် ...
movie

Black Dynamite (2009)

Outlaw Johnny Black (2023) 6.1
Outlaw Johnny Black (2023)  Outlaw Johnny Black ဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကျော်Anika Noni Rose နဲ့ Michael Jai White တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ကောင်းဘွိုင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ကောင်းဘွိုင်ဇာတ်ကားဆိုပေမဲ့ ပေါတောတောနဲ့ ဇာတ်လမ်းအရသာပေါ့ပျက်ပျက်နဲ့ချနေတဲ့ကားလိုမျိူး မဟုတ်ပါဘူး။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရုပ်ရှင်အစကနေအဆုံးထိ သေချာဆွဲခေါ်သွားနိုင်တဲ့ကားမျိူးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဂျော်နီဘလက်လို့ခေါ်တဲ့ ကောင်းဘွိုင်တစ်ယောက်ဟာသူငယ်ငယ်တုန်းက သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာပြီး လက်စားချေဖို့ကြိုးပမ်းနေခဲ့တာပါ။ သူကိုယ်တိုင်ကလည်း လိုက်ရင်း ပြစ်မှုတွေ ကျူးလွန်မိပြီးဝရမ်းပြေးဖြစ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲပေးမဲ့ ဘုန်းတော်ကြီးတစ်ပါး၊ ညီအစ်မ ၂ ယောက်နဲ့ မြို့တစ်မြို့တို့ကို သူရင်ဆိုင်လာရတဲ့အချိန်မှာသူ့ရဲ့ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲ။ သူနဲ့ သူ့သူငယ်ချင်းတွေကိုကောဘယ်သူတွေက ဒုက္ခပေးဖို့ကြံနေလဲ သူကကော ကာကွယ်နိုင်ပါ့မလား စတာတွေကိုရင်ခုန်ခံစားပြီး Wild West အရသာအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းက ကောင်းဘွိုင်ရူးခဲ့တာကို ပြန်ပြီး အမှတ်ရစေမှာလည်းဖြစ်လို့ wild west ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်......  File size…2.23GB / ...
movie

Outlaw Johnny Black (2023)

Pathology (2008) 6.0
Pathology (2008) Pathology (2008) IMDb - 6.0/10_____Rotten - 45%   "Forensics အသိပညာနဲ့ လူသတ်ကြည့်မလား" ~~~~~~~~~~~~~~~~~~~~~~~~~ တစ်ခါတလေ တွေးကြည့်ဖူးတယ် ။ " မှုခင်းဆေးပညာ တတ်မြောက်တဲ့သူတစ်ဦးသာ ပိပိရိရိ လူသတ်နိုင်ရင် အဲ့အမှုကာလကို ဘယ်လောက်ထိစစ်ဆေးရမလဲ " ဆိုတာပဲ။ တကယ် ရူးလွင့်လွင့် အတွေးပါပဲ။ဒီကားကတော့ ဟစ်ပိုကရေးတီး ကျမ်းကို ဇာတ်ကားအစမှာ ညွှန်းဆိုပြပြီး မလုပ်သင့်တဲ့ ကျင့်ဝတ်များ ( တနည်းအားဖြင့် ) လူသေတွေနဲ့ ကစားပွဲတွေ ဖန်တီးကြတဲ့ ကားမျိုးဖြစ်တယ်။အမျိုးအစားက #18+Rated ကားမျိုးဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သည်းထိတ်ရင်ဖို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ တကယ်မိုက်ပါတယ်။ Autopsy of Jane Doe ကားထက် ပို ကြောက်ဖို့ကောင်းပါတယ်။ဒီဇာတ်ကားမှာတော့ ရင်ခွဲရုံတွေ /သေဆုံးမှုစစ်ဆေးတာတွေက အမှန်တကယ် တည်ဆောက်ခြင်းတွေနဲ့တူတယ်။ သွေးသံတရဲရဲနဲ့ အမှောင်ခန်းတွေက လည်း စိတ်ခြောက်ခြားဖို့ကောင်းပါတယ်။အဲ့ဒီနောက် ဦးခေါင်းခွံခွာပြီး ဦးနှောက်လေးကို အတုံးအခဲလိုက် ကိုင်တွယ်ယူပုံက သာမန်လူအဖို့ကျောချမ်းစေမယ် လို့ ယူဆမိပါတယ်။ နံရိုးတွေ ကို ညှပ်ကိရိယာတွေနဲ့ ချိုးယူပုံတွေက ...
movie

Pathology (2008)

2008
Big Stan (2007) 6.2
Big Stan (2007) Big Stan (2007)_____IMDb - 6.2/10  အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ. ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး တပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လိုေ့ရှဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။   ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)  File Size : 860 MB Quality : Bluray 720P Running Time : 1hr 45minutes Format : Mp4 Genre : Action, Comedy Translator : Fridays Encoder :Thanhtike Zaw
movie

Big Stan (2007)

2007